အခန်း(၂၀)

22 3 2
                                    

အချစ်ကို ပုံဖော်ခြင်း

၁၉၈၀ ခုနှစ် ဒီဇင်ဘာလရှိ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တွင် ကိုယ်ပိုင်အုပ်ခုပ်ခွင့်ထည့်ပေးရန် KIO ၏ တောင်းဆိုချက်ကို မြန်မာအစိုးရက ငြင်းပယ်ခဲ့သည်။ တောင်းဆိုချက်များက ပြည်သူ၏ ဆန္ဒဖြင့် လက်ခံထားခြင်းမဟုတ်ဟု ဆို၏။ ငြိမ်းချမ်းရေးအားထုတ်မှုများ ပျက်ပြား၍ တဖန် တိုက်ပွဲများကို စတင်ပြန်သည်။

၁၉၉၃ ခုနှစ် ဇူလိုင်လတွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မှ KIA ကထိန်းချုပ်ထားသည့်နေရာများ တွင် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရရှိရေးအတွက် KIO ကိုယ်စားလှယ်များနှင့် မြန်မာ့တပ်မတော် ခေါင်းဆောင်များ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ KIO ၏ အဓိကတောင်းဆိုချက်မှာ ဒေသဖွံ့ဖြိုးရေးဖြစ်သည်။

၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလတွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေး တည်ဆောက်မှုအဖွဲ့နှင့် KIO တို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပါသည်။

ထို့နောက်ပိုင်း ၂၀၁၀ခုနှစ် စက်တင်ဘာလတွင် KIO က မြန်မာအစိုးရ၏အစီအစဉ်ဖြစ်သော နယ်ခြား စောင့်တပ်ဖွဲ့ ဖွဲ့စည်းရေး အစီအစဉ်ကို လက်ခံရန် ငြင်းဆန်ခဲ့သည်။ လက်ခံလိုက်ပါက KIA က မြန်မာ့တပ်                                                                                                                                                                                                                   မတော်၏ အုပ်ချုပ်မှုအောက်သို့ ရောက်ရှိသွားမည်ဖြစ်သည်။ KIO သည် စစ်မှန်သော ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုစနစ် ပေါ်ပေါက်လာရေးအတွက် တောင်းဆိုသည်။ အကျိုးဆက်အနေဖြင့် ကချင်ပြည်နယ် အတွင်းမှ KIA ဆက်ဆံရေးရုံးများ ပိတ်ပစ်ရန် ဖိအားပေး လုပ်ဆောင်လာခဲ့သည်။

မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ်ကျင်းပသည့် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် မှတ်ပုံတင်လာသော ကချင်နိုင်ငံရေးပါတီ ၃ ခုကို မြန်မာနိုင်ငံရွေးကောက်ပွဲကျင်းပရေး ကော်မရှင်က ပယ်ချခဲ့သည်။ အဆိုပါ ပါတီများ၏ ခေါင်းဆောင်များက KIA နှင့် အဆက်အသွယ်ရှိကြောင်း သူတို့က ပြောသည်။

ဘဝတစ်ကွေ့မှာ...Where stories live. Discover now