အခန်း(၀၅)

26 4 0
                                    

သူ့ရဲ့ပုံစံ

"တော်တယ်ကွာ၊ အားကျတယ်ဟ၊ ရောက်ရုံရှိသေးတယ် ဆီစာရင်းစစ်နေရာရတယ်ဆိုတော့ တော်ရုံစကေးနဲ့ မလွယ်ဘူး၊ လစာက ဘယ်လောက်လဲ"

"တစ်သိန်းရှစ်သောင်းဆိုလား"

"မိုက်တယ်ကွာ၊ ငါတို့တောင် ကျောက်ဖိုးရောပေါင်း အဲလောက်ရချင်မှ ရမှာ"

မနက်စာ နောက်ဆုံးမြေစာကားဖြင့် အစ်ကိုတို့ရှိရာ မလန်းလုပ်ကွက်ကို အလည်လိုက်သွားပြီး ဆီစာရင်းစစ်နေရာရကြောင်းပြောတော့ အစ်ကိုတို့နှစ်ယောက်က ဝမ်းသာကြသည်။ နေ့လယ်ထမင်းကိုလည်း မလန်းမှာပဲ စားလိုက်သည်။ ထို့နောက် အလ္လပ သလ္လပပြောကြရင်း တစ်ရေးတစ်မော အိပ်လိုက်သည်။

အိပ်ပျော်နေရာမှအငယ်လေးဟု ခေါ်သော ခေါ်သံကို အိပ်မက်လိုလို ကြားလိုက်ရသည်။ ထို့နောက် ခြေဖဝါးကို ကုပ်ပြီး ထပ်ခေါ်လိုက်တော့ အိပ်မက်မဟုတ်မှန်းသိတာနှင့် အိပ်နေရာမှ ကလူးကလဲ ထ,လိုက်ရသည်၊။

"အငယ်လေး"

"ဗျာ...ဦးရှမ်း"

ခြေရင်မှ မားမားကြီးရပ်နေသော ဦးရှမ်းကို မြင်တော့ စိုးနိုင် ထိတ်ခနဲဖြစ်သွားလေ၏။

"ဦးရှမ်း...ဘယ်လိုရောက်နေတာလဲ"

ပုံမှန်ဆို အစ်ကိုတို့နေသောအဆောင်ကို လှည့်ပင်မကြည့်တတ်သော ဦးရှမ်းသည် ယခုတော့ အဆောင် ထဲအထိ ကျူးကျော်ဝင်ရောက်လာတော့ ထူးဆန်းနေသည် ထင်မိသည်။

"ဘယ်လိုမှ မရောက်ဘူး၊ မင်းကိုလိုက်ရှာနေတာ အလုပ်ပြီးကတည်းက၊ မင်းကြောင့် ထမင်းတောင် မစားရသေးဘူးကွ၊ သိရဲ့လား...၊ ကဲ ထ..ထ ပြန်မယ်"

"မပြန်သေးပါဘူး၊ ကျွန်တော်က နေ့လယ်အလုပ်ဆင်းချိန်မှ ပြန်မှာ"

"ငါက မင်းကို စောင့်နေတာလေကွာ၊ ခုထိ ထမင်းမစားရသေးပါဘူးဆို... လာ မနေနဲ့တော့.. ပြန်မယ်"

"မိုးထွေးရော်"

"အသေးလေးက ဆိုင်ကယ်ကြုံးနဲ့ပြန်လိုက်သွားပြီ၊ ထမင်းပုံးလည်းပါသွားပြီ"

"ဦးရှမ်းက ဘာလို့မပြန်တာလဲ"

"ရော်...ခက်တဲ့ကောင်ပဲ၊ ငါကားမနမောင်းချင်လို့ မင်းကို မောင်းခိုင်းမလို့ဟေ့"

ဘဝတစ်ကွေ့မှာ...Opowieści tętniące życiem. Odkryj je teraz