အခန်း(၄)

32 4 0
                                    


တည်မြဲသော အပြောင်းအလဲ

“ငါက ဖွင့်လို့ပြောတာနဲ့ သည်ရေဘဲ ၃ခုလုံးဖွင့်၊ ပိတ်ဆိုတာနဲ့ အားလုံးကို ပိတ်မယ်”

မျောစင်ကနေ နှစ်ရက်လုပ်ပြီး နောက်နေ့မှာပဲ ဦးရှမ်းရဲ့ ရေကားနောက်လိုက်ရမည်ဟု ကြီးကြပ် ဦးတင်ငွေက ပြောလာတော့ စိုးနိုင် ဟင်ခနဲ ဖြစ်ရသည်။ ကျောက်နားလည်အောင် ကြိုးစားပြီး ကျောက်ဖိုးတွေ အများကြီး ရအောင်လုပ်မယ် သန္ဓိဋ္ဌာန်ချထားကာမှ ဖြစ်လာ၍ မကျေနပ်ရပြန်ပါ။ကျောက်တစ်လုံး ဘောက်စူး တစ်ရာ၊ ပျမ်းမျှတစ်နေ့ဆယ်လုံးပဲရဦး၊ တစ်ထောင်။ တစ်လဆိုတော့ သုံးသောင်း။ တကယ်ကျွမ်းတဲ့ ကိုနိုင်မျိုးတို့ ဆို တစ်နေ့ ပျမ်းမျှ အလုံး ၃၀လောက်ရသည်ဆို၏။  အစ်ကိုထက်လင်းနဲ့ ကိုဇော်မင်းတောင် တစ်နေ့ အလုံး၂၀လောက် ရသည်။ သူတို့ရဲ့ တစ်လစာ ကျောက်ဖိုး ခြောက်သောင်း။ လခနဲ့ဆို နှစ်သိန်းကျော်။ စိုးနိုင်လည်း သူတို့ကို အားကျသည်။ အခုတော့ ရေကားနောက်လိုက် လခ တစ်သိန်းနှစ်သောင်းနဲ့ နေကပူ အသားကမည်းဖြစ်ရတော့မည်။

စိုးနိုင်သည် မကျေနပ်သော်လည်း ဘာမှပြန်ပြော၍မရနိုင်သောကြောင့် ရေကားနောက်လိုက်ခဲ့ရသည်။ အလုပ်ကတော့မြေခြောက်ပြီး ဖုန်ထူသောနေရာတွင် ရေဘဲဖွင့်ထားရပြီး လူမရှိသောနေရာနှင့် စိုစွတ်သော  နေရာများတွင် ရေဘဲပိတ်ကာ ကားခေါင်းထဲမှ ဦးရှမ်းနဲ့အတူ ကားထိုင်စီးရုံသာ ဖြစ်သည်။

“ချာတိတ်… မင်ဘယ်နှတန်းရောက်ပြီလဲ”

“သည်နှစ် ဆန်တန်းအောင်ခဲ့တာ”

“ဝိုး….. တော်လိုက်တာ… ကျောင်ပြီးရင် ဘာလုပ်မှာလဲ”

“ကျောင်းဆရာ”

ဦးရှမ်းက ခေါင်းတဆတ်ဆတ်ညိတ်ပြသည်။ အားပေးတယ်ဆိုတဲ့သဘောထားကိုလည်း မြင်နေရ၏။

“”မင်း ကားမောင်းတတ်ချင်လား”

“ဟုတ်.. မောင်းတတ်ချင်တယ်”

“ဒါဆို ငါမောင်းတာ သေချာလိုက်ကြည့်ထား”

စိုးနိုင်သည် ဦးရှမ်းလှည့်နေသော ကားစီယာတိုင်ကိုသာ ကြည့်နေသောကြောင့် “မင်ဘ… စီယာတိုင်ပဲ ကြည့်နေတာလား၊ ခြေထောက်ကိုကြည့်၊ လီဗာ၊ ဘရိတ်၊ ကလပ်တို့နင်းတာကို ကြည့်”ဟု ဦးရှမ်းရဲ့အော်သံ ကြောင့် ကိုယ့်ကိုယ်ကိုယ် ရယ်ချင်သွားသည်။

ဘဝတစ်ကွေ့မှာ...Where stories live. Discover now