မိတ်ဆတ်တော့မဟုတ်ဘူး ဒါပေမဲ့လည်းမိတ်ဆက်တာပဲ

699 60 2
                                    

*ခုနကရန်ဖြစ်ပြီးရောက်လာတဲ့လူတွေထဲက ဆံပင်ငွေရောင်နဲ့ကောင်လေးဘယ်အခန်းမှာလဲရှင့်?*

*အခန်း 520 မှာပါ*

လူချမ်းသာအသိုင်းအဝိုင်းပုံစံထဲကဖြစ်ပုံတဲ့ အမျိုးသားနဲ့အမျိုးသမီးကစိတ်ပူပင်စွာဖြင့်ဆံပင်ငွေရောင်နဲ့ကောင်လေးရှိတဲ့ အခန်း 520 ကိုစိုးထိတ်စွာဝင်လာခဲ့ကြတယ် ထိုငွေရောင်ဆံပင်ရဲ့ပိုင်ရှင်ကောင်လေးနာမည်က Haruto တစ်နည်းအားဖြင့် Watanabe Haruto ဂျပန်နိုင်ငံအခြေစိုက် နိုင်ငံတကာကိုထိုးဖောက်အောင်မြင်နေတဲ့ WH Business Company CEO ရဲ့ တစ်ဦးတည်းသောသားလေး ရည်ရည်ရူပကာပြောစရာလိုလောက်အောင် ချောမောလှပပြီး မိန်းကလေးတိုင်းရဲ့အသည်းစွဲ ပျိုတိုင်းကြိုက်တဲ့နှင်းဆီလိုပဲ သူဌေးသားအများစုရှိတဲ့ထုံးစဲအကျင့်စရိုက်တိုင်း ဆိုးတယ် ရန်ဖြစ်တယ် သို့သော် ကောင်မလေးတော့ပွေဘူး ရူတို က ဆိုး‌ပေတဲ့ကောင်လေးဖြစ်ပေမယ့် စောင့်ထိန်းမယ့်စည်းကမ်းအချို့တွေကိုတော့ စောင့်ထိန်းတဲ့ကောင်လေးတစ်ယောက်ပဲ

* ရူတို သားအဆင်ပြေလား? ဘယ်နားထိသွားသေးလဲ?*

*ပြေပါတယ် အ‌မေ ရဲ့*

*မင်းဘယ်ချိန်ထိဒီလိုရန်တွေဖြစ်နေအုံးမှာလဲ?ဟာရူတို"

"အဖေကလည်း သားက စတာမှမဟုတ်တာ သူတို့ကစတာလေ သားကငြိမ်ခံနေရမှာလား?*

BESTIE Where stories live. Discover now