အမှန်တော့ ဒီညအိမ်ပြန်တယ်ဆိုတာရူတိုကိုလိမ့်ခဲ့ခြင်းသာဖြစ်သည်။အဖေခိုင်းထားတဲ့ကိစ္စတစ်ခုအတွက်ရောက်လာခြင်းသာ
"အဲ့တော့မင်းအဲ့ငွေတွေအတွက်ဘာပြန်ပေးမှာလဲ"
"တောင်းပန်ပါတယ် သခင်လေး ကျတော့်ကိုအချိန်ပေးပါ"
"အချိန် အချိန်ဆိုတာဘာလဲမင်းသိသေးတယ်ပေါ့ ငါ့အဖေမင်းကိုအချိန်ဘယ်လောက်တောင်ပေးခဲ့ပြီးပြီလဲ"
"တောင်းပန်ပ်တယ် ဒီတစ်ခါနောက်ဆုံးပြပဲ"
"အိုကေလေ ငါမင်းကိုအချိန်သုံးရက်ထပ်ပေးမယ် သုံးရက်အတွင်းငွေတွေလာမပေးနိုင်ရင် မင်းကိုယ်မင်းအတွက်အခေါင်းရှာထားသင့်ပြီ"
ဂျောင်ဝူးထိုလူအားကျောပေးပြီးလှည့်ထွက်စဉ် ထိုလူမှရုတ်တရက်ဓားနှင့်လှမ်းထိုးလိုက်သည်။ဂျောင်ဝူးရှောင်လိုက်နိုင်မလို့ လက်၌သာဒဏ်ရာရသွားသည်။ ဂျောင်ဝူး ထိုလူ၏ဝမ်းဗိုက်အား တစ်ချက်ကန်လိုက်ပြီး ဒူးထောက်စေသည်။
"ငါ့ကိုလိမ်တာငါအမုန်းဆုံးပဲ ဒါကမင်းရွေးသွားတဲ့လမ်းပဲ"
စကားဆုံးသည် ဂျောင်ဝူးလက်၌ရှိသည့်သေနတ်ကို ထိုလူ၏နားထင်အားတေ့၍ပစ်ချလိုက်သည်။ အရင်ကဆို ကြက်တစ်ကောင်၊ငှက်တစ်ကောင် သတ်ဖို့အတွက်လက်ရွံနေတဲ့ ပတ်ဂျောင်ဝူးက အခုတော့ပြောင်းလဲသွားပြီလေ။
"ဘာလို့နောက်ကျနေတာလဲ"
"အသိတစ်ယောက်နဲ့တွေ့နေလို့ပါ"
"အင်း ကိုယ်ထမင်းပြင်ပေးထားတယ်"
"မာမို ရေအရင်ချိုးအုံးမယ်"
"မြန်မြန်ချိုးနော်"
"အင်း"
မာမိုအခန်းထဲဝင်သွားမှ ယိုရှီသူ၏အပြုံးတွေကိုရပ်တန့်လိုက်သည်။ကိုယ်မင်းကိုချစ်တယ် မာမို။
ရေချိုးခန်း၏မှန်၌ပေါ်နေသည့်သူ့မျက်နှာကိုသူစိုက်ကြည့်ရင်း
"မင်းဒီလိုဆတ်လုပ်နေရင် ငါမင်းအပေါ်ဘယ်လိုလုပ်ရက်တော့မှာလဲ ယိုရှီ"
YOU ARE READING
BESTIE
Fanfictionလှပချောမောတဲ့မိန်းကလေးတွေအများကြီးရှိပေမယ့် မျက်မှန်လေးနဲ့ချစ်စရာကောင်းတဲ့မင်းကိုပဲမြင်တယ် 6.8.2022(SAT)