ဒီနေ့မှ ဓာတ်လှေကားကနှေးနေသလိုပင်။ဘေးကလူကိုလှည့်ကြည့်ချင်ပေမယ့်ဦးနှောက်အသိကတားနေတာကြောင့်လှည့်မကြည့်မိခဲ့။ သွားမည့်အထပ်မတူတာကကံကောင်းခြင်းတစ်ခုဟုဆိုရပေမည်။သူသွားမည့်အထပ်သို့ရောက်သည်နှင့် ဓာတ်လှေကားမှ အမြန်သာပြေးထွက်လာခဲ့လိုက်သည်။
"ဘာလို့ပြေးလာတာလဲ"
"ဗိုက် ဗိုက်ဆာလို့"
"အရူးလား"
"ယိုရှီဟျောင်းကော"
"မနိူးသေးဘူး ဗိုက်ဆာတယ်မလား ခုနကထမင်းလာပို့သွားပြီ လာစားလိုက်"
"အင်း"
ရူတိုနှင့်တွေ့ခဲ့သည်ကိုတော့ ဂျယ်ဟော့ဟျောင်းကိုပြောမပြဖြစ်ခဲ့။
"ခုနက အကို့ဖုန်းထဲကောင်လေးမဟုတ်လား"
ယူနာမီရဲ့အဖြေကိုခေါင်းငြိမ့်ယုံသာဖြေလိုက်ပြီး wallpaper ကနှစ်ယောက်အတူရိုက်ထားတဲ့ပုံလေးကိုကြည့်လိုက်မိသည်။ အဲ့နေ့သူသတ်မိခဲ့တဲ့ကောင်လေးရဲ့အကြောင်းကိုစုံစမ်းခဲ့တော့သွေးကင်ဆာရောဂါသည်ညီမလေးရှိမှန်းသိခဲ့သည်။သူမသတ်ရင်လည်းတခြားသူသတ်မယ်ဆိုတာသိပေမယ့် ကိုယ်သတ်ခဲ့မိတော့ သူ့ညီမ၏ေရာဂါကိုတာဝန်ယူပြီးကုပေးဖို့စီစဥ်လိုက်သည်။ သူတို့အိမ်ကငှါးထားပြီးစာချုပ်လည်းပြည့်နေသည့် ကျတော်အရင်နေသည့်အိမ်၌နေခိုင်းထားလိုက်သည်။ ဂျောင်ဝူးပြန်လာရင်လည်းတစ်ခုခုလိမ်ပြောမည်ဟုစဉ်းစားထားပေမယ့် လမ်းခွဲစာကလွဲရင်ကျန်တာဘာမှရမလာခဲ့ပါ။ သူ့ဆီပြေးကာဘာလို့လဲဘာလို့လဲဟုအော်ဟစ်ကာမေးချင်ပေမယ့် ယောလ်ဂျူ ကမူးလဲသွားသည်မို့ သွားပြီးမမေးဖြစ်ခဲ့ပါ။
"အခြေအနေဘယ်လိုလဲဆရာ"
"အင်း ဆရာအနေနဲ့အကြံပေးချင်တာကတော့နိုင်ငံခြားသွားသင့်တယ်"
"ကျမမသွားချင်ဘူးဆရာ ဘာပဲဖြစ်ဖြစ်ပွင့်ပွင့်လင်းလင်းသာပြောပါ"
"မင်းမှာအချိန် နှစ်လပဲရှိတော့တယ်"
ဆရာဝန်ရဲ့စကားအဆုံး ကာယကံရှင်ကိုယ်စားကျတော်ကပဲပြိုလဲရပါသည်။ သူ့အကိုအစားစောင့်ရှောက်ခွင့်တောင်မရခဲ့ဘူး။
YOU ARE READING
BESTIE
Fanfictionလှပချောမောတဲ့မိန်းကလေးတွေအများကြီးရှိပေမယ့် မျက်မှန်လေးနဲ့ချစ်စရာကောင်းတဲ့မင်းကိုပဲမြင်တယ် 6.8.2022(SAT)