💟အခန်းတစ်ဆယ် အဆင်မပြေဖြစ်လာကြတဲ့အတွဲလေးတွဲ💟

236 50 11
                                    

"မင်းစကားကိုမင်းမတည်ဘူး"

"တောင်းပန်ပါတယ် အဖေ ကျတော်ရူတိုကိုချစ်တယ်"

ကျောင်းကအပြန်အိမ်ကအခေါ်လွှတ်လိုက်မလို့ အိမ်ကိုရောက်နေရတယ် မပြန်လာချင်ပေမယ့် ခေါ်ရတဲ့ကိစ္စကိုသိလို့ကြည်ကြည်ဖြူဖြူသာလာလိုက်သည်။

"အချစ်ကဘာလုပ်လို့ရမှာလဲ ငါလုံးဝသဘောမတူဘူး"

"ကျတော်လည်းလုံးဝလမ်းမခွဲနိုင်ဘူး"

"မင်းငါ့ကိုစိန်ခေါ်နေတာလား"

"အဖေထင်ချင်သလိုထင်လိုက်ပါ"

"ကဲ စကားကိုသေချာပြောကြပါ ဒီသားဖကလည်း"

"သခင်ကြီး အပြင်မှာ သခင်လေးနှစ်ရဲ့ကောင်လေးရောက်နေပါတယ်"

ရူတို သူဘာလာလုပ်တာလဲ

"အထဲလွှတ်လိုက်"

အခန်းထဲဝင်လာပေမယ့် ကျတော့်ကိုအကြည့်တစ်ချက်တောင်မကြည့် သူ့ရဲ့အကြည့်တွေကအဖေနဲ့အမေဆီမှာပဲ

"လာထိုင်ပါ"

"ကျေးဇူးပါ"

"ဘာကိစ္စလဲ"

"ကျတော် ဂျောင်ဝူးကိုတကယ်ချစ်တာပါ ကျေးဇူးပြုပြီးကျတော်တို့ကိုမခွဲပါနဲ့"

"ရူတို"

"ဘယ်လိုဖြစ်ဖြစ်ငါလုံးဝသဘောမတူနိုင်ဘူး"

ဂျောင်ဝူးတကယ်စဉ်းစားရခက်တယ် အဖေကခေါင်းမာတယ် သူ့သားဖြစ်တဲ့ကျတော်လည်းခေါင်းမာတယ် ကျတော်တို့ဘယ်သူမှအလျော့ပေးကြမှာမဟုတ်ဘူး

"မင်းထွက်သွားလို့ရပြီ"

"ကျတော်လည်းလိုက်သွားမယ်"

ဂျောင်ဝူး ဟာရူတိုရဲ့လက်ကိုဆွဲကာပြန်ဖို့ပြင်ဆင်ပေမယ့် အဖေက ရူတိုတစ်ယောက်တည်းကိုသာအပြင်ထွက်ခိုင်းခဲ့သည်။

"ငါမင်းတို့ကိုခွင့်ပြုပေးမယ်"

"တကယ်လား အဖေ"

"ဒါပေမယ့် မင်း ငါ့အလုပ်မှာဝင်လုပ်ရမယ်"

"ကျတော်"

BESTIE Where stories live. Discover now