💟အခန်းရှစ် မချစ်ချင်တော့ဘူး💟

267 49 7
                                    

ကျတော် ဟျွန်း ကိုမတွေ့ရတာတစ်လကျော်ပြီ ကျောင်းလည်းမလာသလို ကျတော့်အရှေ့လည်းပေါ်မလာဘူး ဖုန်းဆတ်ချင်ပေမယ့် မဆတ်ဖြစ်ခဲ့ဘူး ဒီနေ့တော့ မတွေ့ရတာတစ်လကျော်တဲ့ကောင်လေးကိုကျတော်တွေ့ရပါပြီ ဆံပင်တောင် အစိမ်းရောင်ပြောင်းဆိုးထားတာပဲ အရပ်တောင်ပိုရှည်လာတယ် ကျတော့်အနားကိုရောက်လာပေမယ့် ကျ‌တော့်ကိုပေးနေကျ အပြုံးလေးကိုတော့သူမပေးသွားဘူး ဒါက‌နေရခက်စေတယ်

"ဟျွန်းဆော့"

"ဘာလဲ?"

ဒီလေသံ ကျတော်တစ်ခါမှမကြားခဲ့ဖူးတဲ့သူ့ရဲ့လေသံ

"မင်း"

"ပြောစရာရှိလို့လား ပတ်ဂျီဟွန်း"

ပတ်ဂျီဟွန်း?အမြဲတမ်းနူးနူးညံ့ခေါ်နေကျ ဟွန်း ဆိုတဲ့အသုံးအနှုန်းတောင်သူမသုံးတော့ဘူးတော့ဘူး

"မင်းပြောင်းလဲသွားတယ်"

"ဟုတ်လား? လူဆိုတာအချိန်တန်ရင်ပြောင်းလဲသွားကြတာကြီးပဲလေ‌ ပြောစရာမရှိရင်ငါ့ကိုခွင့်ပြုပါအုံး"

သူစိမ်းဆန်ဆန်ကျောခိုင်းသွားတဲ့သူ့ကိုမသွားပါနဲ့ဆိုပြီးမတားနိုင်ခဲ့ဘူး သူ့ရဲ့ကျောပြင်ကိုပဲငေးကြည့်နေယုံလေးပဲ တတ်နိုင်ခဲ့တယ်

"ပတ်ဂျောင်ဝူး မင်းဘာဖြစ်နေတာလဲ?"

"ငါဘာဖြစ်ဖြစ်မင်းနဲ့မဆိုင်ဘူး"

ဒီလူပြောင်းလဲနေတာအတော်ကြာပြီ ကျတော့်ကိုသူစိမ်းဆန်ဆန်ကြီးနေနေတာ တကယ်မနေတတ်ဘူး ကျတော့်မိဘနဲ့ညစာအတူစားဖို့ဖိတ်တော့လည်းမလာဘူး ထိပ်တိုက်တွေ့ခဲ့ရင်တောင် ကျတော့်ကိုမသိချင်ယောင်ဆောင်နေတာ

"ငါမင်းကိုဖွင့်ပြောခဲ့လို့လား?အဲ့ဒါကြောင့်ဆိုရင် ဒါမျိုးမလုပ်ပါနဲ့ တောင်းပန်ပါတယ် ဂျောင်ဝူးရား"

မဟုတ်ဘူး မင်းကြောင့် မင်းနာကျင်မှာစိုးလို့ ဆိုပြီးအော်ပြောချင်ပေမယ့် နှုတ်ခမ်းကမဖွင့်ဟနိုင်ခဲ့ဘူး

"ရူတို ကျေးဇူးပြုပြီး ငါနဲ့ဝေးဝေးမှာနေပေးပါ"

သူ့ကိုကျောခိုင်းပြီးထွက်သွားတော့မဲ့သူကို အနောက်ကနေသိုင်းဖက်လိုက်ပြီး

BESTIE Where stories live. Discover now