ယိုရှီ ဖုန်းချလိုက်ပြီး သူ့ပုခုံးကိုမှီကာအိပ်နေသည့်လူကို
"အပြင်ကအေးတယ် အခန်းထဲဝင်ရအောင် မာမို"
"အင်း"
သူ့ကိုတင်းကြပ်စွာဖက်တွယ်ရင်းအိပ်ပျော်နေသည့်မာမိုကိုစောင်ခြုံပေးကာ နဖူးထက်သို့အနမ်းတစ်ပွင့်ခြွေပြီး အဲ့ဒီနေ့ရက်ကိုပြန်တွေးလိုက်သည်။
"ငါ့ကိုသတ်လိုက် မင်းကိုယ်တိုင်နော် ယိုရှီမင်းကိုယ်တိုင်နော်"
"ငါလုပ်နိုင်မယ်ထင်နေတာလား"
"ရအောင်လုပ်ရမယ် တခြားသူလက်ထဲမှာအဆုံးမသတ်ချင်ဘူး"
"မာမို ကိုယ်မင်းကိုချစ်တယ်နော်"
ယိုရှီ ရှီဟိုကိုမေ့အောင်ဂုတ်ပိုးကိုရိုက်လိုက်ပြီး အသက်အန္တရာယ်မဖြစ်စေမည့်နေရာတွေကိုသာသေနတ်နှင့်ပစ်လိုက်သည်။ ထို့နောက် ဂျယ်ဟော့၏အကူအညီနှင့် ရှီဟိုကိုအပြင်ဖက်ကိုခေါ်ထုတ်လာပြီး ဒီနေရာလေး၌သာနေစေသည်။ အပူအပြင်မရှိဘူး၊ ဒေါသေတွေမရှိဘူး၊ သွေးစွန်းခြင်းတွေမရှိဘူး၊ အာဏာတွေမရှိဘူး ချစ်ရတဲ့ဒီလူနဲ့ ပကာသနမပါပဲနေရတဲ့ရက်ေတွက သူ့ဘဝမှာရှင်သန်ခဲ့တဲ့နေ့ရက်တွေထဲမှာ တန်ဖိုးအရှိဆုံးနေ့ရက်တွေပါပဲ
"ဓာတ်ပုံရိုက်ကြရအောင်"
အထက်တန်းပြီးသွားတဲ့ခံစားချက်က ဘာနဲ့မှမလဲနိုင်အောင်ပျော်ရွှင်စရာကောင်းလှသည်။ မျက်လုံးလေးတွေမှေးမှိန်သွားတဲ့အထိပြုံးရယ်နေသည့် ရူတိုကို ဓာတ်ပုံရိုက်ယူလိုက်သည်။
"အထက်တန်းပြီးသွားပြီ"
"အင်း အိမ်ပြန်မှာလား"
YOU ARE READING
BESTIE
Fanfictionလှပချောမောတဲ့မိန်းကလေးတွေအများကြီးရှိပေမယ့် မျက်မှန်လေးနဲ့ချစ်စရာကောင်းတဲ့မင်းကိုပဲမြင်တယ် 6.8.2022(SAT)