ဂျောင်ဝူးစာလုပ်ရင်း ဆံပင်ငွေရောင်နဲ့ကောင်လေးအကြောင်းစဉ်းစားမိတယ် သူကတုံးအနေတဲ့သူမဟုတ်ပေမယ့် ထိုကောင်လေးရဲ့နာမည်ကို တိုဆိုတာကလွဲရင်မမှတ်မိနေဘူး ဘာလို့လဲ? သူ့နာမည်ကသုံးလုံးတည်းပဲမလား? ဘာလို့မမှတ်မိတာလဲ? စဉ်းစားစမ်း စဉ်းစားစမ်း ဂျောင်ဝူးကိုယ့်ကိုယ်ကိုသတိမထားမိခင်မှာ ဟာရူတိုကသူ့ရဲ့အာရုံထဲကိုဝင်လာနေခဲ့ပြီ
"ငါနဲ့မပတ်သက်ဖို့အကြိမ်ကြိမ်ပြောထားတယ်မဟုတ်ဘူးလား?"
"ပြောထားပါတယ် ဒါပေမယ့် ငါမင်းကိုချစ်တယ်"
"ငါမင်းကိုမချစ်ဘူး ဟင့်အင်း မဟုတ်ဘူး ငါမင်းကိုမုန်းတယ်"
"ဂျီဟွန်းနား အဲ့လိုမပြောပါနဲ့လား?"
"ငါ့ရှေ့ထပ်မပေါ်လာနဲ့ မင်းကိုနောက်တစ်ခါထပ်တွေ့ရရင်သတ်ပစ်မယ်"
ခေါင်မိုးထပ်ဘယ်ဖက်မှာ ယောက်ဖတို့အတွဲရန်ဖစ်တာကို ဟာရူတိုခိုးနားထောင်ပြီး စဉ်းစားနေမိတယ် ဘယ်လိုလူတွေလဲ? ရူတို ကျန်နေတဲ့ ဟျွန်းဆော့ဆီသွားလိုက်ပြီး
"ဆေးလိပ်သောက်အုံးမလား?"
"ကျေးဇူးပဲ"
"ဟာရူတို ကျတော်က"
"ငါကဟျွန်းဆော့"
"ကျတော်သိပါတယ်"
"ဘယ်လိုသိတာလဲ?"
"ဟိုတစ်ခါရန်ဖြစ်တော့"
"အာ ဟုတ်သားပဲ အဲ့တုန်းကမင်းပဲ"
"အဲ့တစ်ယောက်ကိုချစ်ရတာ နာကျင်ရတယ်မဟုတ်လား?"
"အင်း သူကနာကျင်စရာတွေပိုပေးလေ ပိုချစ်မိလေပဲ"
"အဲ့လိုမျိုးက အရူးနဲ့မတူနေဘူးလား?ဟျောင်း"
"မင်းမချစ်မိသေးလို့ပါ ချစ်မိသွားရင် နာကျင်ရင်တောင် မင်းကသေချာပေါက်စွဲလမ်းနေမှာ ငါသွားတော့မယ်"
YOU ARE READING
BESTIE
Fanfictionလှပချောမောတဲ့မိန်းကလေးတွေအများကြီးရှိပေမယ့် မျက်မှန်လေးနဲ့ချစ်စရာကောင်းတဲ့မင်းကိုပဲမြင်တယ် 6.8.2022(SAT)