မာမိုအခုတလောအရင်ကနဲ့မတူတော့ဘူး တစ်ခုခုကိုဖုံးလျိုးကွယ်လျှိုးလုပ်နေတာ အခုလည်းကျတော်ပြန်ရောက်တာသူမသိဘူး အရင်ကဆိုကျတော်နားပြေးလာကာ တစ်ခုမဟုတ်တစ်ခုချွဲနေကျပဲ အခုတော့သူ၏ Laptop ကိုသာအာရုံစိုက်နေသည်။
"မာမို"
"ဟင် ဘယ်တုန်းကပြန်ရောက်တာလဲ"
ကျတော့်ခေါ်သံကြောင့်သူ့ရဲ့ Laptop ကိုပိတ်ချကာ ကျတော့်ကိုမေးခွန်းထုတ်ထားတဲ့သူ
"ခုနကပြန်ရောက်တာ ဘာလုပ်နေတာလဲ"
"ဟို ဟို စာတမ်း ဟုတ်တယ် စာတမ်းလုပ်နေတာ ကျောင်းကအိမ်စာပေးလို့"
"ဟုတ်ပါပြီ ကိုယ်ရေချိုးအုံးမယ်"
"မာမို အောက်မှာထမင်းစားဖို့စောင့်နေမယ်"
"အင်း"
ကျတော်ဘဝမှာ မာမိုမရှိရင်ကျတော်တကယ်မဖြစ်ပါ။သူဘယ်သူလဲ၊ဘယ်ကလဲ ဆိုတဲ့အကြောင်းတရားကိုအမှန်သိရရင်တောင်ကျတော်သူ့ကိုလက်လွှတ်နိုင်မည်မထင်ပါ။ မာမို မင်းနဲ့တော့ကိုယ်ခက်ပြီ
"မင်းဘာတွေလျှောက်လုပ်နေတာလဲ အာဆာဟီ"
"ခဗျားနဲ့မဆိုင်ဘူး"
"အာဆာဟီ ငါ့ကိုစိတ်တိုအောင်မလုပ်နဲ့ မင်းနဲ့သူဘာတွေလဲ"
"ဘာလို့လာမေးနေတာလဲ ကျတော်တို့လမ်းခွဲပြီးပြီလေ"
ဂျယ်ဟော့ ဆာဟီ၏ပုခုံးနှစ်ဖက်ကိုအားဖြင့်ဆုပ်ကိုင်လိုက်ကာ
"အာဆာဟီ ငါလူသတ်ဖို့ဝန်မလေးဘူးနော်"
"ယွန်းဂျယ်ဟော့ ကျတော်နာတယ်"
ဆာဟီ မျက်ရည်လည်နေသည်ကို ဂျယ်ဟော့တွေ့တော့ သူ၏လက်ကိုဖြုတ်ကာ ဆာဟီဟလက်ဖဝါးကိုဖွဖွကလေးကိုင်လိုက်သည်။
"ကိုယ်တောင်းပန်ပါတယ် ကိုယ်စိတ်တိုနေလို့ပါ"
"လွှတ် ဖယ်"
လက်ကိုရုန်းနေသည်ကိုလွှတ်မပေးဘဲ
"ကိုယ်တကယ်တောင်းပန်ပါတယ် လမ်းခွဲတာကလည်း ဆာဟီပဲကိုယ့်ကိုပြောသွားတာလေ ကိုယ် ဆာဟီနဲ့မခွဲနိုင်ဘူး"
YOU ARE READING
BESTIE
Fanfictionလှပချောမောတဲ့မိန်းကလေးတွေအများကြီးရှိပေမယ့် မျက်မှန်လေးနဲ့ချစ်စရာကောင်းတဲ့မင်းကိုပဲမြင်တယ် 6.8.2022(SAT)