💟အခန်းတစ်ဆယ့်လေး နောက်ဘဝမှာမင်းနဲ့ပဲဆုံချင်သည်💟

188 46 6
                                    

"ကျတော့်ကိုဘာကိစ္စနဲ့တွေ့ချင်တာလဲ ယောက္ခထီးကြီး"

"မင်းငါ့ကိုအဲ့လိုခေါ်စရာအကြောင်းမရှိဘူး ငါ့သားနဲ့မင်းကိုသဘောမတူဘူး"

"အာ ဘယ်လိုလုပ်မလဲ ယိုရှီက ကျတော်မှကျတော်ပဲဖြစ်နေတာလေ မတော်ချင်လဲတော်ရမှာပဲ"

"ငါ့သားကမင်းကိုချစ်ပေမယ့် မင်းကငါ့သားကိုချစ်လို့လား မင်းငါ့သားနားမှာဘာလို့နေနေတာလဲဆိုတာငါသိတယ်"

"ဟက် ခဗျားသိနေတော့ကောကျတော်ကဂရုစိုက်ပြီးစိုးရိမ်နေမယ်ထင်လား"

"မင်း"

"ပြောစရာစကားမရှိတော့တာမလို့ကျတော့်ကိုခွင့်ပြုပါအုံး"

မာရှီဟို လွယ်အိတ်ကိုဆွဲကာအိမ်ပြန်ဖို့ပြင်လိုက်ပေမယ့် သူ့ကိုဝိုင်းကာဆွဲချုပ်ထားလိုက်ကြသည်။

"ဒီနေ့မင်းပြန်ဖို့မျှော်လင့်နေသေးတယ်ပေါ့ သနားစရာကောင်းလိုက်တာ အဲ့ကောင်ကိုမှတ်လောက်အောင်ပညာပေးလိုက်စမ်း"

ယိုရှီအဖေရဲ့‌စကားသံအဆုံး၌သူ၏ကိုယ်ပေါ်သို့ရောက်လာသည့် နာကျင်စရာကောင်းလှတဲ့ ကန်ချက်များနှင့်လက်သီးချက်များ

"မင်းကိုငါသတိပေးခဲ့တယ်မဟုတ်ဘူးလား သနားစရာလေးပဲ မင်းဒီကနေအသက်ရှင်လျက်ထွက်သွားဖို့မတွေးနဲ့"

"ဟား ဟား"

"မင်းဘာရီတာလဲ"

"ကျုပ်ကိုသတ်လိုက်"

"အိုးဟိုး ဘာလို့လောနေတာလဲ မင်းသေသွားရင် ငါ့သားကငါ့သဘောအတိုင်းပဲဖြစ်သွားမှာ"

"ဟား ဟား ဟား ရယ်ရလိုက်တာ ကျတော်သေသွားရင် ယိုရှီကိုပါခေါ်သွားမှာ အာ‌ မေ့နေလိုက်တာ သူ့အတွက်ပြင်ပေးတဲ့ညစာမှာ တစ်ခုခုထည့်ခဲ့မိတယ် ဘယ်လိုလုပ်ရမလဲ ဒီချိန်ဆိုသူညစာစားနေလောက်ပြီ"

"မင်း"

ယိုရှီ၏အဖေ သူ၏အရှေ့၌ဒဏ်ရာများဖြင့်လဲကျ‌ေနသည့်မာရှီဟိုကို တစ်ချက်ကန်ကာ ယိုရှီကိုဖုန်းဆတ်လိုက်သည်။သို့သော်လည်း စက်ပိတ်ထားသည်နှင့်သာ။

BESTIE Where stories live. Discover now