💟အခန်းငါး တွေဝေခြင်း💟

257 47 0
                                    

"Hello Long time no see my boy"

"ဘယ်လိုရောက်လာတာလဲ?"

"ငါဒီကိုပြောင်းလာတာ မင်းကိုလွမ်းလို့လေ"

"ရယ်ဒမ်ရား ငါ့ကိုမစလို့ရမလား?"

"ဟား မင်းကိုမစရင်နေထိုင်မကောင်းဘူး"

"မင်းကလူဆိုးကောင်ပဲ"

ရူတိုအောက်ထပ်ဆင်းလာတော့ ဂျောင်ဝူးကကောင်လေးတစ်ယောက်နဲ့ပျော်ပျော်ရွှင်ရွှင်စကားပြောနေတာ ကျတော်မြင်ခဲ့တဲ့တစ်လျှောက်လုံး ဂျောင်ဝူးဒီလိုတစ်ခါမှမပြုံးဖူး မရယ်ခဲ့ဖူးဘူး သူကဘယ်သူလဲ?

"ဒီနေ့ ကျောင်းသားအသစ်ရောက်တယ် မိတ်ဆတ်လိုက်ပါအုံး"

"ဟယ်လို ငါကဘန်ရယ်ဒမ် နိုင်ငံခြားကပြောင်းလာတာ ငါကဂျောင်ဝူးရဲ့ကောင်လေး"

"ဝိုး မိုက်လိုက်တာ အတန်းခေါင်းဆောင် ဒါကြောင့်မိန်းကလေးတွေကိုစိတ်မဝင်စားတာလား?"

ရူတိုစိတ်ထဲဝမ်းနည်းသွားသလို စိတ်လည်းတိုမိတယ် ဂျောင်ဝူးရဲ့ကောင်လေး?

"ရား ဘာတွေပြောနေတာလဲ?"

"ဟား ဟား စတာပါ ပတ်ဂျောင်ဝူးရဲ့ငယ်သူငယ်ချင်းပါ"

ငယ်သူငယ်ချင်းဆိုတဲ့စကားကိုကြားရပေမယ့် စိတ်မပျော်နိုင်ဘူး ဂျောင်ဝူးအနားမှာဘယ်သူ့ကိုမှမရှိစေချင်ဘူး

ဘာမှတော့မဆိုင်ပေမယ့် ဂျောင်ဝူး ရူတိုကိုလှည့်ကြည့်မိတော့ ရူတိုရဲ့မျက်လုံးထဲမှာအလိုမကျမှုတွေနဲ့ ရယ်ဒမ်ကိုကြည့်နေတာ ပြီးမှ ကျတော့်ဖက်လှည့်လာပြီး ပြုံးပြတယ် သူအပြုံးကတပ်မက်ချင်စရာကြီး အပိုင်လိုချင်မိတယ်

"ရား ဂျောင်ဝူး ကြည့်နေတာရပ်လိုက်တော့"

BESTIE Where stories live. Discover now