မနက်ခင်းနေရောင်ခြည်ကတကယ်လှတယ် ဒါပေမယ့်ရင်ခွင်ထဲမှာအိပ်ပျော်နေတဲ့ဂျောင်ဝူးကပိုလှတယ်
"အင်းး အစောကြီးနိုးနေတာလား?"
"အင်း မနက်စာဘာစားမလဲ?"
"ငါမနက်စာစားလေ့မရှိဘူး"
"ဘာ"
"ရား ရူတို ဘာလို့အော်တာလဲ?"
"မရဘူး ဒီနေ့ကစပြီးမနက်စာစားရမယ် အခုသွားရေချိုး ကိုယ်မနက်စာသွားပြင်ပေးမယ်"
"အင်း"
ဒါကအိမ်မက်ဆိုရင် ကျတော်တစ်သက်လုံးပြန်မနိူးထချင်တော့ဘူး
"ကျတော်ပြင်မလို့အခုပဲဆင်းလာတာ"
"ရပါတယ် အကိုပဲပြင်နေကျ အေးဆေးပါ"
"ယိုရှီဟျောင်း"
"အင်း"
"မာရှီဟိုကိုအရမ်းချစ်တာပဲလား?"
"အင်း ချစ်တယ် မပြောပြတတ်အောင်ကိုချစ်တာ"
"မိဘတွေသဘောမတူရင်ကော"
"အကိုဂရုမစိုက်ဘူး မာမိုသာအကို့ဘေးရှိရင်အကိုအရာအားလုံးကိုရင်ဆိုင်မှာ"
"ယိုရှီရား"
ဘယ်ချိန်တည်းကရောက်နေမှန်းမသိတဲ့ ရှီဟိုက ယိုရှီဟျောင်းကိုချွဲပြီး ယိုရှီဟျောင်းအပေါ်ခုန်တတ်လိုက်တာ ဒီအတွဲကတကယ်ချစ်စရာလေး ကျတော်နဲ့ဂျောင်ဝူးလည်းသူတို့လို့ ဘာမှဂရုမစိုက်ပဲပျော်ပျော်နေချင်တယ်
"ဘာလို့ခေါင်းခြောက်အောင်မသုတ်လာတာလဲ?"
"ယိုရှီသုတ်ပေး"
"ဟင်း လူဆိုးလေး ရူတို စားနှင့်နော် အကိုတို့ခနမှပြန်ဆင်းလာခဲ့မယ်"
"ဟုတ်ကဲ့ ဟျောင်း"
ယိုရှီဟျောင်းတတ်သွားပြီးမကြာခင်မှာပဲဂျောင်ဝူးဆင်းလာတာ ရှီဟို လို "ယိုရှီသုတ်ပေး" ဆိုပြီးလည်းမချွဲသလို ကျတော်ကသုတ်ပေးမယ်လို့လဲပြောမရ သူ့ခေါင်းကခြောက်တာမှ ခြောက်ခြောက်ခြောက်..နဲ့တောင်မြည်နေသလိုပဲ
YOU ARE READING
BESTIE
Fanfictionလှပချောမောတဲ့မိန်းကလေးတွေအများကြီးရှိပေမယ့် မျက်မှန်လေးနဲ့ချစ်စရာကောင်းတဲ့မင်းကိုပဲမြင်တယ် 6.8.2022(SAT)