💟အခန်းတစ်ဆယ့်တစ် လမ်းခွဲကြရအောင်💟

229 45 18
                                    

"ဒါဘယ်သူပို့တာလဲ"

"‌မာမိုကိုစောင့်ရှောက်ပို့လွှတ်ထားတဲ့ဟျောင်းရဲ့လူ"

"သူတို့အခုဘယ်မှာလဲ"

"T bar မှာ"

"သွားရအောင်"

ရူတိုတို့ရှိတဲ့နေရာကိုသွားဖို့လုပ်နေသည့် ဂျောင်ဝူးရဲ့လက်ကို ယိုရှီဆွဲလိုက်ကာ

"ဟျောင်း မာမိုကိုယုံတယ်"

"ကျတော်တော့မယုံဘူး"

"ဂျောင်ဝူး"

ဂျောင်ဝူး ယိုရှီဆွဲထားသည့်သူ့၏လက်ကိုဖြုတ်ချလိုက်ကာ T bar ဆီသို့ထွက်လာခဲ့သည်။ ထိုနေရာကိုရောက်လာပေမယ့် ရူတို တို့မရှိကြတော့

"ဒီလူကိုတွေ့မိသေးလား"

အနားကဖြတ်သွားတဲ့ဝိတ်တာကို ရူတိုပြကာမေးမိတော့

"တွေ့မိတယ် ခုနကကောင်မလေးတစ်ယောက်နဲ့အပေါ်ထပ်အခန်းကိုတတ်သွားတယ်"

"ဘာ ဘယ်အခန်းလဲ"

ဝိတ်တာကောင်လေးပြောတဲ့အခန်း‌‌ဆီလှမ်းလာခဲ့ပြီး အခန်းတံခါးကိုခေါက်လိုက်တော့ တံခါးလာဖွင့်သူကြောင့် မယုံကြည်နိုင်ပါ ထိုသူက ဟာရူတို အပေါ်ပိုင်းဗလာနှင့် ကျတော့်ကိုမြင်တော့ သူလည်းအံ့ဩသွားသည်။ အခန်းထဲဝင်စရာမလိုပဲ အပြင်ကနေမြင်ရတဲ့မြင်ကွင်းကတော့ အဝတ်အစားကိုသေချာဝတ်ဆင်ထားခြင်းမရှိတဲ့ အမျိုးသမီးတစ်ယောက်

"လမ်းခွဲရအောင် ငါမင်းကိုယုံမိတာ ငါသိပ်မှားတယ်"

"ဂျောင်ဝူး ကိုယ်ရှင်းပြပါရစေ"

"ဘာရှင်းပြချင်တာလဲ မင်းတို့ဒီအခန်းထဲမှာရိုးရိုးသားသားအရက်လာသောက်ကြတာလို့ပြောချင်တာလား ဟာရူတို"

"မဟုတ်"

ဂျောင်ဝူး ဟာရူတိုဆီကစကားဆုံးသည်အောင်မစောင့်ပဲအပြင်ကိုထွက်လာခဲ့လိုက်သည်။ဘာတွေဘယ်လိုဖြစ်ကုန်လဲကျတော်မသိတော့ပါ အရာအားလုံးသည်တကယ်ကိုရှုပ်ထွေးနေကုန်ပြီ

မျက်စိရှေ့မှာအိပ်ပျော်နေတဲ့ မာမိုကတကယ်ကိုအပြစ်ကင်းသည်။ညကမြင်ခဲ့ရတဲ့ပုံကိုမြင်ပြီး ဒါဘာတွေလဲ လို့အော်ဟစ်ကာမေးပြစ်ချင်သော်လည်း ဒီအနှီလူ၏မျက်နှာကိုမြင်လျှင် ချစ်သောစကားနူးနူးညံ့ညံ့မှလွဲ၍ကျန်တာထွက်မလာတော့

BESTIE Where stories live. Discover now