💟အခန်းတစ်ဆယ့်နှစ် အမွှာ💟

230 45 9
                                    

ဂျောင်ဝူးကိုမတွေ့ရတာ၁၀ရက်တောင်ရှိနေလေပြီ။ကျောင်းလည်းမလာ၊အိမ်မှာလည်းမရှိ၊ဖုန်းလည်းမကိုင်။တစ်ခုခုများသိရလိမ့်နိုးနှင့် ယိုရှီဟျောင်းကိုမေးကြည့်တော့လည်း သူကလည်းဘာမှမသိဘူးတဲ့ ကျတော်သူ့ကိုအရမ်းလွမ်းတယ်

"ဘာတွေတွေးနေတာလဲ"

"ဘာတွေးရမှာလဲ ဂျောင်ဝူးအကြောင်းပဲနေမှာပေါ့ ဟုတ်တယ်မလား"

"အင်း သူဘယ်မှာလဲမသိကြဘူးလား"

"ရူတို"

ဒီခေါ်သံကျတော်သိသည် ကျတော့်ဘဝရဲ့အမြတ်နိုးရဆုံးလူ၏အသံသာပင်ဖြစ်သည်။ရူတို‌ ဂျောင်ဝူးနားသွားပြီးသူ့လက်ကိုကိုင်လိုက်ကာ

"ဂျောင်ဝူး ကိုယ်ရှင်းပြ"

အရှေ့ကသူထွက်သွားမည်စိုးသောကြောင့်သူ၏လက်ကိုတင်းကျပ်စွာဆုပ်ကိုင်ထားတဲ့ရူတိုကိုကြည့်ရင်းပြုံးမိသည်။အဲ့နေ့ညကကိစ္စကိုရှင်းပြဖို့လုပ်နေတဲ့ ရူတိုနှုတ်ခမ်းအပေါ်သူ့ရဲ့လက်ညိုးဖြင့်ပိတ်လိုက်ပြီး

"ငါတောင်းပန်ပါတယ်"

"မဟုတ်ဘူး ဂျောင်ဝူးမှမမှားတာ"

"ငါ ရူတိုကိုချစ်တယ်နော်"

"အင်း ငါလည်းချစ်တယ်"

"အိုး ဟိုး ဒါကျောင်းခန်းနော်"

"မိန်းကလေးဖြစ်တဲ့ငါတို့လည်းရှိပါသေးတယ်ဟ အတန်းခေါင်းဆောင်ရေ"

အခန်းထဲကတစ်ယောက်တစ်ပေါက်ထွက်နေသောအသံများအားလျစ်လျူရှုပြီး ရူတိုကိုတင်းနေအောင်ဖက်ထားလိုက်တယ် ချစ်တယ် ရူတို အခုကော နောင်ကော မင်းကိုပဲချစ်မယ်

"ဟျောင်းအရှေ့မှာဧည့်သည်ရောက်နေတယ်"

"ဘယ်သူလဲ"

"ပတ်ဂျီဟွန်းတဲ့"

သူဘယ်လိုသိတာလဲ။ သူယိုရှီအဖေ၏လက်အောက်တွင်အလုပ်ဝင်ထဲက အာမဟုတ်ဘူး အဖေဆုံးပြီးတည်းကဖြစ်မယ် သူ ဂျီဟွန်းအနားမသွားတော့ဘူး။‌ဂျီဟွန်းကိုဆတ်မချစ်တော့ဘူး။သူ့စိတ်ထဲတွင် ကလဲ့စားချေရန်သာပြည့်နှက်နေသည်။ အခုလည်းအလုပ်ကကောင်လေးလာပြောသွားသည်မှာ ဆယ်မိနစ်တောင်ကြာနေပြီ သူအပြင်ထွက်ပြီးဂျီဟွန်းကိုတွေ့ဖို့စိတ်မကူးပေ။ဆောက်လက်စ Lego ရုပ်လေး‌ကိုသာပြီးအောင်ဆတ်နေသည်။ နာရီလက်တံတွေရွေ့လျားသွားသည်မှာအချိန်အတော်ကြာနေပြီ သူနာရီဆီအကြည့်ပို့မိတော့ ည7နာရီခွဲနေပြီ။တစ်နည်းအားဖြင့် ဟိုကောင်လေးလာပြောသွားသည်မှာ 2နာရီခွဲကျော်ကြာပြီ။ တဖျက်ဖျက်နဲ့လင်းလာတဲ့လျှပ်စိးကြောင်းနဲ့ နက်နဲတဲ့မိုးချိမ်းသံကြောင့် ဂျီဟွန်းဆတ်စောင့်နေမလားဆိုတဲ့အတွေးနဲ့အောက်ထပ်ဆင်းလာခဲ့လိုက်သည်။

BESTIE Where stories live. Discover now