ဂျောင်ဝူးဒီနေ့မနက်ခင်းအစောပင်နိုးလာခဲ့သည်။ညတည်းကအိပ်မရခဲ့သည်ဆိုပို၍မှန်မည်ထင်သည်။ သူ့ကိုဖက်ထားသည့်ရူတို၏လက်ကိုဖြေးညင်းစွာဖယ်လိုက်ပြီးဖုန်းယူကာ ယိုရှီဟျောင်းဆီဆတ်လိုက်သည်။
"ဟယ်လို"
"ဟယ်လို ယိုရှီဟျောင်းဘယ်မှာလဲ"
"ယိုရှီမဟုတ်ဘူး သူ့အဖေ ယိုရှီအဆိပ်မိလို့ဆေးရုံတင်ထားရတယ်"
"ဗျာ ဘယ်ဆေးရုံမှာလဲ ဦးလေး"
"ဦးလေးတို့ပိုင်တဲ့ဆေးရုံမှာပဲ"
"ဟုတ်ကဲ့"
ဂျောင်ဝူး ချက်ချင်းပင်မျက်နှာသစ် အဝတ်အစားလဲကာ ကားသော့ယူပြီးဆေးရုံဆီဦးတည်လိုက်သည်။ လမ်းတွင် ဂျယ်ဟော့ဆီဖုန်းဆတ်ပြီးဆေးရုံဆီလာခိုင်းလိုက်သည်။
"ဘယ်လိုဖြစ်တာလဲ ဦးလေး"
ယိုရှီ၏အဖေလည်းဖြစ်ပျက်သမျှအကုန်ပြောပြလိုက်သည်။
"မာရှီဟိုကော သူဘယ်မှာလဲ သူမလို့လုပ်ရက်တယ် ယိုရှီသူ့ကိုဒီလောက်ချစ်တာကို"
"ယိုရှီကောဘယ်လိုနေသေးလဲ"
"ဦးလေးအချိန်မှီရောက်သွားနိုင်လို့မဟုတ်ရင်သူဒီချိန်သူအသက်ရှိတော့မှာမဟုတ်ဘူး"
ဂျောင်ဝူးနှင့်ဂျယ်ဟော့သည်လည်းပြောစရာစကားပင်မရှိတော့။ မိသားစုအတွင်ကလဲ့စားချေသည့်မာရှီဟိုလည်းမှားသည်ဟုဆို၍မရနိုင်ချေ။ ယိုရှီအမြန်နိူးဖို့သာဆုတောင်းနေမိတော့သည်။
"ဘာ"
"သ သခင်လေးတစ် ဆုံးပြီ"
"ဘာ ငါ့သားကိုဘယ်သူသတ်လိုက်တာလဲ"
YOU ARE READING
BESTIE
Fanfictionလှပချောမောတဲ့မိန်းကလေးတွေအများကြီးရှိပေမယ့် မျက်မှန်လေးနဲ့ချစ်စရာကောင်းတဲ့မင်းကိုပဲမြင်တယ် 6.8.2022(SAT)