"ဒိုယောင်း ဂျောင်ဟွမ်ကဖုန်းကိုင်အုံးတဲ့"
"မကိုင်ပါဘူး ငါဘာပြောရမလဲ ငါမသိဘူး"
"မင်းသူ့ကိုမကြိုက်ဘူးလား?"
"မသိဘူး"
ဒိုယောင်းက ဂျောင်ဟွမ်ကိုကြိုက်နေပေမယ့်သူ့စိတ်ကိုသူမသိဘူး ဘာလိုလိုနဲ့နောက်နှစ်ပတ်နေရင်အတန်းတင်စာမေးပွဲဖြေတော့မယ် အထက်တန်းနောက်ဆုံးနှစ်ရောက်ဖို့တောင်ဘာမှမလိုတော့ဘူး
"ဂျောင်ဝူး"
ထူးဆန်းလိုက်တာ ရူတိုကကျတော့်ကိုအသံကျယ်ကျယ်နဲ့ အခန်းထဲမှာ ကျတော့်နာမည်ကိုလှမ်းခေါ်လိုက်တာ
"ဘာလဲ?"
"ညနေကျောင်းဆင်းရင်ခေါင်မိုးပေါ်လာခဲ့"
"မလာဘူး ငါမအားဘူး"
ထိုအခါ သူကျတော့်နားနားကိုကပ်ကာ
"မလာရင် ဟိုနေ့ကငါတို့နမ်းခဲ့တာ တစ်ကျောင်းလုံးကိုပတ်ပြောမှာ"
"ရား ဟာရူတို"
"အခုတော့ငါ့နာမည်မှတ်မိသွားပြီမလား?"
"မင်း လာခဲ့ရင်ပြီးတာပဲမလား?"
"အင်း ငါစောင့်နေမယ်"
"ဂျောင်ဝူး ရူတိုကမင်းကိုကြိုက်နေတယ်ထင်တယ်"
ဒိုယောင်းရဲ့စကားကြောင့် ကျတော့်မျက်နှာရှိန်းကနဲဖြစ်သွားတယ် သူကကျတော့ကိုကြိုက်နေလားမသိပေမယ့် ကျတော်ကတော့သူ့ကိုကြိုက်နေမိတယ် မဖြစ်နိုင်မှန်းသိရက်နဲ့ကြိုက်နေမိတာ ယိုရှီဟျောင်းမွေးနေ့က ရယ်ဒမ်ပြောတဲ့စကားကြောင့် အဲ့ညကအိပ်မရပဲ သူ့အကြောင်းပဲစဉ်းစားနေမိတာ နောက်ဆုံးကျတော်ဆုံးဖြတ်ချက်ချခဲ့တယ် ဘာအခက်အခဲတွေပဲဖြစ်နေပါစေ ကျတော် ဟျောင်းလိုဘယ်တော့မှမရွေးချယ်ဘူး ချစ်တဲ့လူကိုဒဏ်ရာတွေမပေးချင်ဘူး ရူတိုသာကျတော့ကိုကြိုက်နေတာဆိုရင် ကျတော်သူ့လက်ကိုရဲရဲကြီးတွဲပြီး ဖြစ်လာသမျှ ကြုံလာရသမျှပြဿနာတွေကိုရင်ဆိုင်မယ်
YOU ARE READING
BESTIE
Fanfictionလှပချောမောတဲ့မိန်းကလေးတွေအများကြီးရှိပေမယ့် မျက်မှန်လေးနဲ့ချစ်စရာကောင်းတဲ့မင်းကိုပဲမြင်တယ် 6.8.2022(SAT)