ဟာရူတိုလက်ထဲကဆေးလိပ်ကိုတချက်လောက်ဖွာရင်း ကောင်းကင်တွေကိုမော့ကြည့်နေတယ်
"သူ့ကိုထိုးကြစမ်းကွာ"
ခေါင်မိုးထပ်ရဲ့ညာဖက်ခြမ်းကထွက်လာတဲ့အသံကြောင့်တချက်လောက်လှည့်ကြည့်မိပေမယ့်ကိုယ်နဲ့မဆိုင်လို့ဝင်မရှုပ်ချင်
"ငါထပ်ပြောမယ် ဂျောင်ဝူးကိုသွားမရှုပ်နဲ့ မဟုတ်ရင်မင်းဒီထက်နာမယ်"
ဒိတစ်ခါတော့ ဒီတိုင်းနေလို့မရတော့ ဂျောင်ဝူး ဆိုတဲ့နာမည်ကငါနဲ့သက်ဆိုင်သွားပြီ ဟာရူတို ရန်ဖြစ်တဲ့တစ်လှမ်းဆီလာရင်း လဲကျနေတဲ့ကောင်လေးကိုထိုးဖို့ပြင်နေသူတဲ့သူဆီ ခြေထောက်နဲ့ပစ်ကန်လိုက်တယ်
"မင်းကဘာလာရှုပ်တာလဲ?အသားမနာချင်ရင်ဘေးဖယ်နေ"
"စမ်းကြည့်လေ"
ဟာရူတိုနဲ့တစ်ဖက်အဖွဲ့လူသံုးယောက်ဝိုင်းချပြီး ဆယ်မိနစ်လောက်အကြာဆရာနဲ့ကျောင်းသားထိန်းတွေရောက်လာတယ်
"မင်းတို့အပြစ်တွေအတွက်တစ်ပတ်လုံးလုံးတစ်ကျောင်းလုံးသန့်ရှင်းရေးလုပ်ရမယ် ဒါပထမဆုံးနဲ့နောက်ဆုံးဖြစ်ပါစေ နောက်တစ်ခါဆိုမိဘဆီတိုင်စာပို့ခံရမယ် သွားကြတော့"
ဟာရူတိုအခန်းထဲဝင်လာတော့တစ်ခန်းလုံးအကြည့်ကသူ့ဆီမှာ ပတ်ဂျောင်ဝူးကတော့မပါ သူ့စာလောက်ကိုစိတ်မဝင်စား ဒါနဲ့ငါကဘာလို့သူ့ကိုစိတ်ဝင်စားမိနေတာလဲ?
YOU ARE READING
BESTIE
Fanfictionလှပချောမောတဲ့မိန်းကလေးတွေအများကြီးရှိပေမယ့် မျက်မှန်လေးနဲ့ချစ်စရာကောင်းတဲ့မင်းကိုပဲမြင်တယ် 6.8.2022(SAT)