ဂျောင်ဝူး ရူတိုပေါ်မှ အမြန်ထလိုက်ပြီး
"အတန်းရှိတယ် ငါသွားနှင့်ပြီ"
အရှေ့ကမြန်မြန်ထွက်သွားတဲ့ အနှီကောင်လေးဂျောင်ဝူးကိုကြည့်ရင်း ရူတိုပြုံးမိတယ် သူကသိပ်ကိုချစ်စရာကောင်းတယ် ရူတို ကိုယ့်ဘယ်ဖက်ရင်အုံ ကိုဖိပြီး
"ဂျောင်ဝူး ငါမင်းကိုချစ်မိနေပြီထင်တယ်"
အချစ်ဆိုတာက သိပ်ကိုဆန်းကြယ်တယ် တရင်းတနှီးလည်းမရှိ စကားတောင်ကောင်းကောင်းမပြောဖူးတဲ့ ဂျောင်ဝူးကိုမှချစ်မိသွားတာ ဒီကျောင်းမှာ သိပ်ပြီးချောလှတဲ့ကောင်မလေးတွေရှိပေမယ့် မျက်မှန်လေးတဲ့ချစ်စရာကောင်းတဲ့ဂျောင်ဝူးကိုမှချစ်မိသွားတာ
"ဂျောင်ဝူး ခုနကမင်းအိမ်က ဘော်ဒီဂတ် တွေလာရှာတယ်"
"ဘာပြောသွားသေးလဲ?"
"ဟင့်အင်း မရှိဘူးလို့ပြောတော့ထွက်သွားတာ"
ဆရာမဝင်လာတာေကြာင့်ဂျောင်ဝူးဘာမှထပ်မမေးတော့ပဲ စာကိုပဲအာရုံစိုက်လိုက်တော့တယ် စာသင်ချိန်နာရီဝက်ကြာတော့ သူတို့ထပ်ရောက်လာတယ်
"ဂျောင်ဝူး သား"
ဆရာမကသိတော့နာမည်လေးခေါ်ပေးတယ် ကျတော်လည်းခေါင်းငြိမ့်ပြရင်း အပြင်ထွက်သွားလိုက်တယ်
"ဘာကိစ္စလဲ?"
"သခင်ကြီးက အိမ်ကိုပြန်ဖို့ခေါ်ခိုင်းလိုက်လို့ပါ"
YOU ARE READING
BESTIE
Fanfictionလှပချောမောတဲ့မိန်းကလေးတွေအများကြီးရှိပေမယ့် မျက်မှန်လေးနဲ့ချစ်စရာကောင်းတဲ့မင်းကိုပဲမြင်တယ် 6.8.2022(SAT)