💟အခန်းခုနှစ် ငြင်းဆိုခြင်း💟

253 45 0
                                    

ဂျောင်ဝူးသူ့ရဲ့ကွန်ဒိုတံခါးကိုဖွင့်လိုက်တော့ မြင်လိုက်ရတာက မဖိတ်ခေါ်ပါပဲရောက်နေတဲ့ဧည့်သည်ဖြစ်နေကြတဲ့ အဖေ၊အမေနဲ့ဟျောင်းကိုပါပဲ

"ဘာလာလုပ်ကြတာလဲ?"

"အမေကသားငယ်ကိုလွမ်းလို့ပေါ့"

"အဖေကကော?"

ကျတော့်အမေးကိုမဖြေဆိုပဲ သူ့အိတ်ထဲကနေတစ်စုံတစ်ခုကိုယူပြီးစားပွဲပေါ်ချပေးတော့ တွေ့လိုက်ရတာက ကျတော်နဲ့ရူတိုရဲ့ပုံတွေ

"ကျတော့်နောက်ကိုလူလွှတ်ထားတာလား?"

"မင်းဘဝမင်းရွေးချယ်နေထိုင်နေပေမယ့် မင်းကငါ့သားဖြစ်နေတုန်းပဲ အဲ့ကောင်လေးနဲ့အဆတ်အသွယ်ဖြတ်"

"မဖြတ်နိုင်ဘူး ကျတော်သူ့ကိုချစ်တယ်"

"ဟင့် ဝါတာနာဘီဟာရူတို ဂျပန်အခြေစိုက် WH company CEO ရဲ့တစ်ဦးတည်းသောသား"

"ဒါတွေစုံစမ်းထားတာလား?"

"ငါအတွက်သိချင်ရင်လွယ်လွယ်လေးပါ သူတို့ကုမ္မဏီမှာ ကိုရီးယားကရှယ်ယာရှင်တွေအများကြီးပဲ ငါစကားတစ်ခွန်းပြောလိုက်တာနဲ့ ဘယ်လိုဖြစ်သွားမလဲမင်းတွေးကြည့်"

ကျတော်တကယ်အကြပ်ရိုက်နေပြီ ဘယ်လိုအခက်အခဲတွေပဲကြုံကြုံ လက်တွဲဖို့ဆုံးဖြတ်ထားပေမယ့် စိတ်ကူးနဲ့လက်တွေ့ကတကယ်မလွယ်ဘူး

"ကျတော်သူနဲ့မပတ်သက်ရင်ရတယ်မလား?သူ့ကိုဘာမှမလုပ်ပါနဲ့ ကျေးဇူးပြုပြီး"

"မင်းစကားမင်းတည်သ၍ ငါ့စကားငါတည်တယ်"

အိမ်ထဲရောက်နေတုန်းကလည်းစကားတစ်ခွန်းမပြောခဲ့သလို ထွက်သွားတော့လည်းစကားတစ်ခွန်းမကြားခဲ့ရပါဘူး အဖေကအတ္တသိပ်ကြီးလွန်းတယ် ဟျောင်းကတော့ လိုက်မသွားပဲကျန်နေခဲ့တယ်

"ဟျောင်း"

"မင်းလုပ်တာမှန်တယ် ငါတို့ချစ်တဲ့သူတွေကိုမနာကျင်စေချင်ရင် ငါတို့အဝေးကနေတာအကောင်းဆုံးပါပဲ"

ကျတော်မေးမဲ့မေးခွန်းကိုကြိုသိနေတဲ့ဟျောင်းက ကျတော့်အတွက်အဖြေကိုပါထုတ်ပြောပေးလာခဲ့တယ် ပထမဆုံးချစ်မိခြင်းမှာ ပထမဆုံးနာကျင်ရတယ် ထိုနေ့ညကတော့ ရူတိုကိုမသောက်ဖို့တားခဲ့တဲ့ စီးကရက်ကို ကိုယ်ကိုယ်တိုင်သောက်ခဲ့မိပြီ

BESTIE Where stories live. Discover now