Chapter-2 (U&Z)

6.1K 139 2
                                    

Unicode
Chapter-2

မြတ်ဘုန်း Condo ရောက်တော့ ၅နာရီကျော်သွားပြီပင်။ဟား မြန်လိုက်တဲ့အချိန်တွေ။ရေမိုးချိုးကာ အပြင်ပြန်ထွက်ဖို့ပြင်ဆင်ရသည်။bar သွားမှာမို့ လွတ်လွတ်လပ်လပ်ဝတ်ဖို့သာတွေးမိသည်။
Shirt အမဲရောင်ကို အပေါ်ကြယ်သီးတစ်လုံးဖြုတ်ကာ ခပ်ဟဟထားရင်း Khaki ရောင် style pants နှင့် LV belt ကိုကောက်တပ်လိုက်သည်။ရေတွေစိုနေသေးတဲ့ဆံပင်ကိုလက်နဲ့တစ်ချက်ခါလိုက်ပြီး ပြန်သပ်တင်လိုက်သည်။ပြီးတော့ ရေမွှေး။ရေမွှေးကိုတော့ Dior Sauvage ကိုစွတ်လိုက်ရင် သူ့ပြင်ဆင်ခြင်းကပြီးဆုံးပါပြီ။အသက်က ၂၉ ထဲဝင်နေပေမဲ့ လူငယ်လေးလိုသွက်သွက်လက်လက်ပုံစံပြန်ဖြစ်သွားတာမို့ သူတစ်ချက်ရယ်မိပြန်သည်။ပုံမှန်ဒီအချိန်တွေဆိုရေမိုးချိုးကာ ကိုယ်စားဖို့ကိုယ်ချက်နေရပြီ။ပြီးတော့ အလုပ်လုပ်ကာ စာအုပ်တစ်အုပ်ဖတ်ရင်း အိပ်ချိန်ရောက်သွားတာလေ။မင်းထက်ကျေးဇူးနဲ့အခုတော့ လူယ်လေးပြန်လုပ်ရတော့ အူကြွမိသည်။

Car parking သွားရင်း မင်းထက်ကိုထွက်လာပြီဖြစ်ကြောင်း သံတော်ဦးတင်ရဦးမည်။

Bar ထဲဝင်လာတော့ ဝိုင်းတွေပြည့်နေတာမို့ Bartender ထိုင်တဲ့ ခုံနားမှာထိုင်ဖို့ပဲဦးတည်လိုက်သည်။

"Gold Label one cup ညီလေး"

"ဟုတ် ဆရာ"

"Please don't see just a boy caught up in dreams and fantasies"

"ဟယ်လို Sorry သားကြီးရာ ဒီမှာ ငါ့ညီမဝမ်းကွဲကိုလေဆိပ်သွားကြိုရမှာမို့ ငါမလာဖြစ်တော့ဘူး။မင်းလည်းထွက်မလာနဲ့တော့။"

"-ီးမို့ထွက်မလာနဲ့လား ငါရောက်နေပြီကွ"

" ဟာာ Sorry ကွာာ ငါလည်းမားသားကြီးကအခုမှ အားချင်းဖုန်းဆက်ပြောလို့ကွ"

"ထားပါ ငါခဏတော့ထိုင်လိုက်ဦးမယ်။မင်းသွားစရာရှိတာသွား မှီရင်တော့လာခဲ့။"

"အိုခေကွာ အမြန်ဆုံးနည်းနဲ့ပန်းကန်လုံးစီးပြီး သွားကြိုခဲ့မယ်။ဒါပဲ ဟေ့ကောင်။"

"Fly me to the moon let me play among the stars"

တီးလုံးသံငြိမ့်ငြိမ့်လေးကြားလိုက်ရင်း သူဘေးဘီကိုဝေ့ကြည့်မိသည်။သူ့ညာလက်ဘေးမှာ ကောင်မလေးတစ်ယောက် ထိုင်နေတာကလွဲကျန်တာဘယ်သူမှရှိမနေပေ။

When Love Lasts (OC)Where stories live. Discover now