Unicode
Chapter-11"ဟင့်အင်း မဖြစ်နိုင်ဘူးထင်ပါတယ်"
မဒီ ဒီနေ့တစ်နေလုံးနေလို့ထိုင်လို့မကောင်းတာမို့ ကိုယ့်ကိုမသင်္ကာကာ ပိုသေချာအောင် pregnancy test kit ကိုဝယ်စစ်လိုက်သည်။မဒီသေချာတော့ မသိပေမဲ့ test kit မှာ နှစ်ချောင်းမှိန်မှိန်လေးပေါ်နေသည်။
"တစ်ချို့ test kit တွေကမမှန်ဘူးလို့လည်းကြားဖူးတယ် ဟုတ်မှဟုတ်ပါ့မလား"
"မဖြစ်နိုင်ပါဘူး တစ်ခါတည်းနဲ့တော့"
မဒီဆေးစစ်တံလေးကို အမှိုက်တောင်းထဲလှမ်းထည့်လိုက်ကာ လက်ဆေးပြီးမှထွက်လာခဲ့သည်။နေ့လည်ထမင်းစားချိန်မို့ Corridor တစ်လျှောက် ကစားကြတဲ့သူတွေနဲ့ မတ်တပ်ရပ်နေကြတဲ့သူတွေနဲ့ပြည့်နေသည်။တအားလည်းလူများနေတာမဟုတ်ပေမဲ့ ချွေးနံ့တွေရော လူနံ့တွေရောကြောင့် မဒီပျို့တက်လာသည်။ထမင်းမစားရသေးလို့ ထင်ပါတယ်။တစ်ယောက်တည်းလည်းမစားချင်တာမို့ ဆရာ/ဆရာမတွေနားနေဆောင်လေးထဲသွားစားဖို့သာဆုံးဖြတ်မိသည်။
"အော် တီချယ်....လာလေ ထမင်းလာစားတာလား"
"ဟုတ် မမမိုး...မဒီတစ်ယောက်တည်းမစားချင်လို့"
"အော့ အွတ်"
မဒီ့နှုတ်ခေါင်းထဲဟင်းနံ့စူးစူးကြီးကတအားဝင်လာတာမို့ အနားကဘေစင်ကိုပြေးရသည်။
"မဒီ နေမကောင်းဘူးလား"
မမမိုးကမဒီ နောက်ကျောကို ခပ်ဖွဖွထုပေးကာမေးသည်။
"အဟွတ် ဟုတ်တယ်....မမိုး"
"ဆေးခန်းမပြဘူးလား မဒီရယ်။မမိုးလိုက်ခဲ့ပေးရမလား။"
"ရတယ် မမိုး။မဒီ ဒီနေ့ နေ့ဝက်ခွင့်ယူပြီး သွားလိုက်မယ်။"
"ဟုတ်ပြီ ဟုတ်ပြီ။မဒီ ဆေးခန်းသွားဖြစ်အောင် သွားနော်"
"ဟုတ် မမိုး"
_________________
"ဒေါက် ဒေါက်"
"ဝင်ခဲ့ပါ"
"မဒီပါ အန်တီရိုစီ"
"အော် သမီးလာလေ"
"ဟုတ် မဒီ ဒီနေ့ နေ့ဝက်လေးခွင့်ယူချင်လို့ပါ"
YOU ARE READING
When Love Lasts (OC)
Romance"မနက်မိုးလင်းလို့ မျက်လုံးနှစ်လုံးပွင့်လာတဲ့အခါ ကိုယ်အတွေးထဲရောက်လာတတ်သူက မဒီကလွဲပြီးဘယ်သူမှမရှိဘူး" "မဒီ ရှင်နဲ့အတူတူရှိနေရတာကို သဘောကျပါတယ်" Bar တစ်ခုမှာတွေ့ဆုံခဲ့ကြပြီး အမှားတစ်ခုကို အတူတူကျူးးလွန်ခဲ့ကြရာကနေ သူတို့နှစ်ယောက်ရဲ့ တွေ့ဆုံမှုဟာစတင်ခဲ့...