Unicode
Chapter-8"ဆရာ အန်တီဆီကဖုန်းလာပါတယ် ဆရာ့ဖုန်းကိုခေါ်မရလို့ပါတဲ့"
"အော် အိုခေ။ငါပြန်ခေါ်လိုက်မယ်လို့ မေမေ့ကိုပြောပေး"
"ဟုတ်ကဲ့"
မြတ်ဘုန်းလုပ်လက်စတွေလက်စသတ်ကာ မေမေ့ဆီကိုဖုန်းပြန်ခေါ်ရမည်။အရင်နေ့တွေက စိတ်တွေလေနေကာ အလုပ်ကိုသေချာမလုပ်နိုင်။အဟွန်း အလွမ်းနာကျနေတာနေမယ်။ဘယ်ကနေဘယ်လို ဆက်သွယ်ရမယ်မှန်းလည်းမသိ။စာရွက်တစ်ရွက်နဲ့ ပိုက်ဆံအချို့ထားသွားတာတော့ တော်တော်စိတ်နာမိသည်။ထပ်တွေ့ချင်နေပေမဲ့လည်း ဒင်းကလေးလုပ်သွားတဲ့လုပ်ရပ်ကြောင့် တွေ့လည်းမတွေ့ချင်။တွေးရင်း အူပွလာတာမို့ မေမေ့ဆီကိုဖုန်းခေါ်ဖို့ ခလုတ်လေးတွေဆီရွေ့လိုက်မိသည်။
"ဟယ်လို မေမေလား ကျွန်တော့်ကိုဖုန်းခေါ်ထားတယ်ဆိုလို့"
"ဟုတ်တယ် သား အလုပ်တွေအဆင်ပြေရဲ့လား"
"အဟွန်းး မေမေ့သားပဲကိုဘာအဆင်မပြေစရာရှိလို့လဲ"
"အိမ်မှာကော နေရအဆင်ပြေလား"
"ပြေပါတယ် မေမေရဲ့"
"သားအိမ်ကို ကောင်မလေးတွေမလာလည်ဘူးလား"
မြတ်ဘုန်းမျက်ခုံးတစ်ချက်တွန့်ကာ
"ဘာလို့လာရမှာလဲ မေမေရဲ့ သားကအဲ့လိုရှုပ်ရှုပ်ယှက်ယှက်တွေကြိုက်တာမဟုတ်ဘူးဆိုတာ မေမေလည်းသိသားနဲ့"
(A/N-ရှုပ်ရှုပ်ရှက်ရှက်မကြိုက်လို့သာပဲ မြတ်ဘုန်းရယ်🤭)
"ဒါဆိုလည်း မေမေ့သားကိုစီစဉ်ပေးရမလားမင်းအသက်မငယ်တော့ဘူးနော် မြတ်ဘုန်း" ပြောရင်း ဘယ်ဘူတာကိုဆိုက်သွားလဲမသိ။အခုတလော မေမေကအိမ်ထောင်ပြုဖို့ခဏ ခဏတိုက်တွန်းနေတာပင်။အလုပ်တွေရှုပ်နေလို့ အကြောင်းပြချက်နဲ့ သူရှောင်နေတာတော်တော်ကြာပြီ။ဒီတစ်ခါတော့ မေမေတစ်ခုခုလုပ်တော့မယ်ဆိုတာ သူရိပ်မိနေသည်။
"မေမေ့သူငယ်ချင်း ရိုစီကိုသားသိတယ်မလား"
"မသိဘူး"
ဘုကလန့်စကားထွက်လာတာမို့ ဒေါ်မမမျိုး စိတ်ညစ်မိသည်။ငယ်ငယ်တည်းကမလုပ်ချင်တာကို အတင်းလုပ်ခိုင်းလို့ မရတာကိုသိတော့ ပိုဆိုးသည်။အခုတော့အကြမ်းနည်းသူံမှရမည်။
YOU ARE READING
When Love Lasts (OC)
Romance"မနက်မိုးလင်းလို့ မျက်လုံးနှစ်လုံးပွင့်လာတဲ့အခါ ကိုယ်အတွေးထဲရောက်လာတတ်သူက မဒီကလွဲပြီးဘယ်သူမှမရှိဘူး" "မဒီ ရှင်နဲ့အတူတူရှိနေရတာကို သဘောကျပါတယ်" Bar တစ်ခုမှာတွေ့ဆုံခဲ့ကြပြီး အမှားတစ်ခုကို အတူတူကျူးးလွန်ခဲ့ကြရာကနေ သူတို့နှစ်ယောက်ရဲ့ တွေ့ဆုံမှုဟာစတင်ခဲ့...