Unicode
Chapter-5"တူတူ တူတူ တူတူ"
Alarm သံဆူဆူညံ့ညံ့ကြောင့် မဒီနိုးလာသည်။ချမ်းစိမ့်စိမ့်နဲ့မို့ သူမအိပ်ခါနီး Aircon မလျှော့မိတာလားလို့တွေ့မိသည်။
"ဝါးးးး"
အကြောဆန့်ရအောင် လက်တွေဆန့်တန်းပြီးဟိုဘက်အလှည့်
"ဟယ်တော်"
သူမဘေးမှာဝတ်လစ်စလစ်နဲ့ အိပ်နေတဲ့ခပ်ချောချောယောင်္ကျားတစ်ယောက်။
မနေ့ကငါအိမ်တန်းပြန်ခဲ့တာမဟုတ်ဘူးလား။ဟယ် ငါဘာတွေလုပ်မိလိုက်ဝာာလဲ။တစ်ချက်စူးစိုက်စဉ်းစားရင်း မနေ့ညကပုံရိပ်တွေတစ်ဖြေးဖြေးပေါ်လာသည်။အဲ့ဒီလူကို သူမဝင်ကတည်းကမှတ်မိတာပင်။ခပ်ချောချောတောင့်တောင့်ဖြောင့်ဖြောင့်မို့ မျက်မှန်းတန်းမိရင်း စကားလှမ်းပြောခဲ့သည်။သူ့ဘက်ကဘာမှပြန်တုံ့ပြန်လာတာမရှိလို့ ကိုယ့်ဟာကိုနေရင်းဆက်သောက်နေမိသည်။နောက်ပိုင်း သူထွက်သွားခါနီး ဆွဲနမ်းလိုက်တာတွေရယ် hotel ခန်းထဲအတူတူရောက်လာတွေရယ်ပါတွေးရင်း ခေါင်းမီးတောက်သွားသည်။
"shittttttt မဒီနင်တော်တော်တုံးလှပါလား"
မဒီအောက်မှာပြန့်ကျဲနေတဲ့ အဝတ်တွေကိုကောက်ကာ ကိုယ်ပေါ်မြန်မြန်ဆန်ဆန်စွပ်ပစ်သည်။သူဒီကနေ ဟိုလူမနိုးလာခင်အမြန်လစ်မှရမည်။နိုးလာရင် ဇယားတွေထပ်ရှုပ်နေမှာကြောက်သည်။sofa ပေါ်ပစ်တင်ထားတဲ့ handbag လေးကိုကောက်ကိုင်ရင်း တစ်ချက်တွေးမိသည်။ဟာာာ မဖြစ်သေးပါဘူး။အလျင်အမြန်ပိုက်ဆံအိတ်ထဲကပိုက်ဆံကို ထုတ်ကာ ဘောပင်နဲ့စာရွက်ထဲစာရေးပြီး ကုတင်ဘေးမှာထားခဲ့သည်။ ဒီလောက်ဆိုသူငါ့ကို ဇယားမရှုပ်လောက်ပါဘူးနော်။
မဒီတံခါးကိုဖွဖွလေးဆွဲဖွင့်ကာထိုနေရာမှထွက်လာခဲ့သည်။
မြတ်ဘုန်းနိုးလာတော့ သူ့ဘေးမှာဟိုကောင်မလေးရှိမနေတော့။
ဘယ်ကတည်းထွက်သွားပါလိမ့်။ကုတင်ပေါ်ကနေထလာရင်း ရေချိုးခန်းကိုသွားကြည့်တော့လည်းရှိမနေ။ထွက်သွားပြီထင်တယ်။ကုတင်ပေါ်ကိုပြန်ရောက်လာရင်း ကုတင်ဘေးကခုံပေါ်မှာ ပိုက်ဆံအချို့နဲ့ စာရွက်တစ်ရွက်တွေ့သည်။သူအလျင်အမြန်ယူဖတ်လိုက်ရင်း
YOU ARE READING
When Love Lasts (OC)
Romance"မနက်မိုးလင်းလို့ မျက်လုံးနှစ်လုံးပွင့်လာတဲ့အခါ ကိုယ်အတွေးထဲရောက်လာတတ်သူက မဒီကလွဲပြီးဘယ်သူမှမရှိဘူး" "မဒီ ရှင်နဲ့အတူတူရှိနေရတာကို သဘောကျပါတယ်" Bar တစ်ခုမှာတွေ့ဆုံခဲ့ကြပြီး အမှားတစ်ခုကို အတူတူကျူးးလွန်ခဲ့ကြရာကနေ သူတို့နှစ်ယောက်ရဲ့ တွေ့ဆုံမှုဟာစတင်ခဲ့...