Chapter-16
Unicode
When Love Lasts"ကလင် ကလင်"
မဒီ့နားထဲဖုန်းသံကြားလိုက်တာမို့ အိပ်မှုန်စုပ်ဖွားနဲ့လိုက်စမ်းနေမိသည်။မဒီမနေ့က ကိုရီးယားကားကြည့်ရင်းအအိပ်နောက်ကျသွားကာ အခုမနက်ကျစောမနိုးနိုင်။
"ကလင် ကလင်"
"ဟာာ ကျစ် နင့်ဘိုးအေပဲ"
အဆက်မပြတ်မြည်လာတဲ့ဖုန်းသံကြောင့် မဒီစိတ်တိုသွားကာ ပျောက်နေတဲ့ဖုန်းကိုအိပ်ရာထဲကနေ အလူးအလဲထပြီး ကုန်းရှာရသည်။မဒီ့ဖုန်းက မှန်တင်ခုံပေါ်မှာတင်နေကာ အဲ့ကနေတစ်တုန်တုန်မြည်နေတာပင်။မဒီဆက်ခနဲ့ကောက်ကိုင်ကာ ဖုန်းစခရင်ပေါ်ပေါ်နေတဲ့ contact name ကိုကြည့်လိုက်တော့ "Ko Myat Bhone Linn"
ဆိုတဲ့နာမည်ကြီးကပေါ်နေကာ missed call ပြန်ဖြစ်သွားသည်။ဟင် ဘာလို့စောစောစီးစီးဖုန်းတွေဆက်နေတာပါလိမ့်။မဒီ့အခန်းထိပ်မှာချိတ်ထားတဲ့နာရီကိုကြည့်လိုက်တော့ နာရီလက်တံအရှည်က ၁၀ နာရီကိုညွှန်ပြနေလေပြီ။ဟာာာ!!
မဒီခေါင်းမွှေးတွေထောင်သွားကာ ဖုန်းက Calendar ကိုအလျင်အမြန်ဆွဲကြည့်လိုက်သည်။
10/10/22 Sun ဆိုတဲ့ date ကလေးပေါ်လာသည်။မနေ့ကမေမေ့အိမ်ကို ကိုမြတ်ဘုန်းနဲ့အတူလာခဲ့ပြီး ပြန်ခါနီးကျ သူ့အမေကိုတွေ့ကြမယ်လို့မှာထားတာပင်။အို မဒီမေ့နေတာပဲ။ထိုစဉ် မဒီဖုန်းက ringtone ပြန်မြည်လာတာမို့ အလျင်အမြန်လှမ်းကိုင်လိုက်ကာ"Hello ကိုမြတ်ဘုန်းလား... မဒီမေ့နေတာ...မဒီပြီးပြီနော် ခဏရေချိုးလိုက်ဦးမယ်... မကြာဘူးသိလား...."
"ဗျာ"
တစ်ဖက်က "ဗျာ" ဆိုတဲ့အသံထွက်လာတော့ မဒီကြောင်သွားကာ ဖုန်း contact ကိုပြန်ကြည့်လိုက်သည်။ဟုတ်ပါတယ်။ကိုမြတ်ဘုန်းပါ။မဒီမမှားပါဘူး။
"ဟို ကိုမြတ်ဘုန်းပဲပြောတော့ မဒီ့ကို ကိုမြတ်ဘုန်းအမေနဲ့တွေ့ဖို့လာခေါ်မယ်ဆို"
"ဟုတ်တယ်လေ ကိုယ်အခုအိမ်ကထွက်လာပြီလို့
မဒီကိုဖုန်းဆက်ပြောမလို့ပါ""ဟင်...ဟို..ဟီး မဒီကကိုမြတ်ဘုန်းအိမ်ရှေ့ရောက်နေပြီမှတ်တာ"
"အဟင်း မရောက်သေးဘူးမဒီရဲ့......အဲ့ဒါဆိုမဒီရေမချိုးရသေးရင်ချိုးလေ ကိုယ်ဖြေးဖြေးချင်းလိပ်ကလေးလို မောင်းလာမယ် ပြီးတော့ရေချိုးခန်းဝင်ရင်လည်းဂရုစိုက်နော်"
CZYTASZ
When Love Lasts (OC)
Romans"မနက်မိုးလင်းလို့ မျက်လုံးနှစ်လုံးပွင့်လာတဲ့အခါ ကိုယ်အတွေးထဲရောက်လာတတ်သူက မဒီကလွဲပြီးဘယ်သူမှမရှိဘူး" "မဒီ ရှင်နဲ့အတူတူရှိနေရတာကို သဘောကျပါတယ်" Bar တစ်ခုမှာတွေ့ဆုံခဲ့ကြပြီး အမှားတစ်ခုကို အတူတူကျူးးလွန်ခဲ့ကြရာကနေ သူတို့နှစ်ယောက်ရဲ့ တွေ့ဆုံမှုဟာစတင်ခဲ့...