Chapter-15 Part-1 Come inside of my heart❤️ (U&Z)

4.4K 140 6
                                    

Unicode
Chapter-15
Part-1

မြတ်ဘုန်းညနေကျရင် မဒီကိုသွားကြိုချင်တာမို့ အလုပ်တွေလက်စသတ်ကာ Condo ကိုတန်းပြန်ခဲ့သည်။Condoရောက်မှ ရေချိုးကာ အဝတ်ဗီရိုအရှေ့မှာအကြာကြီး ရပ်နေမိသည်။ဘာဝတ်ရင်ကောင်းမလဲ။မြတ်ဘုန်းက pastel color တွေပဲအဝတ်များတာမို့ ဗီရိုထဲ အရောင်ရင့်ဆိုတာ မရှိ‌သလောက်ရှားသည်။သူ့ကိုယ်သူလည်း မဒီနဲ့တွေ့မှအရောင်နုနု‌တွေဝတ်ရတာကို အဘိုးကြီးနဲ့တူနေသည်လို့ခံစားရသည်။‌တော်ကြာ မဒီဆီသွားတဲ့အခါ မဒီကသူ့ထက်အသက်ကြီးတဲ့ဘဲကြီးတစ်ပွေနဲ့တွဲနေတာပါလို့အပြောမခံနိုင်ဘူး။ဘာဝတ်ရမှန်းမသိ အင်္ကျီရွေးရင်းအကြံတစ်ခုပေါ်လာသည်။မြတ်ဘုန်းက ဖုန်းစကရင်ပေါ်ကို လက်‌ကလေးတွေရွေ့လျားလိုက်ကာ ဝဏ္ဏကိုလှမ်းခေါ်လိုက်သည်။

"အေး ဝဏ္ဏလား"

"ဟုတ် ဆရာ"

"အေး မင်းငါ့ကို အရင်ဂိုထောင်မှာထားထားတဲ့ ဖရာရီအနီလေးယူလာပေး"

"ဗျာ ဟုတ်"

"အေး ပြီးရင်ငါ့ကွန်ဒိုရှေ့မှာရပ်ထားပြီး ငါ့ကိုသော့လာပေးလှည့်။ ပြီးတော့ အခုနော် အခုသွားယူပေး နောက်ကျလို့ကတော့မင်းနဲ့ငါအတွေ့ပဲ"

မြတ်ဘုန်းမှာစရာရှိတာဝဏ္ဏကို မှာပြီးမှ အင်္ကျီဝတ်ဖို့ပြန်ရွေးရသည်။ဗီဒိုထိပ်မှာ ချိတ်ကလေးနဲ့ချိတ်ထားတဲ့ မိုးပြာရောင်နု‌ရှပ်လေးကို တွေ့လိုက်ရသည်။သူဆက်ပြီးရှည်ရှည်ဝေးဝေးစဉ်းစားမနေတော့ဘဲ ထိုရှပ်ကိုကောက်ယူကာ ဝတ်လိုက်သည်။ပြီးလျှင် straight jean အပြာ‌ရင့်လေးကိုဝတ်လိုက်လျှင် ရှိ‌ရင်းစွဲအသက်ထက်ပိုနုသွားသလိုခံစားရသည်။

"အဟွန်း"

မြတ်ဘုန်းကသူရဲ့ဆံပင်မှာတွဲလွဲခို‌နေတဲ့ ရေစက်ကလေးတွေကိုလက်လေးနဲ့ခါလိုက်ကာ အထဲကိုပြန်သပ်တင်လိုက်သည်။ပြီးရင်ရေမွှေးစွပ်ပြီး
ရှပ်လက်ရှည်ကိုလက်ခေါက်ကာ ‌နာရီဝတ်လိုက်သည်။

"တီး တောင်"

‌ဝဏ္ဏလာပြီထင်တယ်။

"သော့"

မြတ်ဘုန်းကတံခါးဖွင့်ဖွင့်ချင်းသော့တောင်းကာအောက်ဆင်းဖို့ပြင်သည်။ပြီးမှဝဏ္ဏကိုလှမ်သတိရကာ

When Love Lasts (OC)Opowieści tętniące życiem. Odkryj je teraz