Chapter-24 our frist trip💕

3.6K 130 4
                                    

Chapter-24
When Love Lasts
Unicode

မဒီ့အခန်းထဲက ကုတင်မှာ ထိုင်၍အဝတ်ထည့်နေရင်း အပြင်ကနေ မိုးသံတစ်ဖွဲဖွဲကျလာတာကိုကြားလိုက်ရသည်။မနက်ကတည်းက မိုးတွေအုံ့မှိုင်းနေပေမဲ့ မရွာဘူးပဲထင်ခဲ့တာပင်။မဒီကခုနမှ ထုတ်လှမ်းထားတဲ့ အဝတ်အစိုတွေကိုပြန်ရုတ်ကာ ပြတင်းပေါက်ကိုလှမ်း၍ ပိတ်လိုက်သည်။
ဒီအချိန်ဆို သူအလုပ်တွေများရှုပ်နေတော့မလား။မြတ်ဘုန်းကို မိုးတွေရွာနေကြောင်း ဖုန်းဆက်၍ပြောချင်ပေမဲ့ တကယ်တမ်းမိုးရွာတယ်ဆိုတာ အထူးအဆန်းမဟုတ်ပါဘူးလေ။မဒီကဘာမဟုတ်တာလေးနဲ့လှမ်း၍ ဆက်ရင် အလုပ်ပျက်နေပါမယ်။မဒီကအတွေးစတို့ကိုရပ်တန့်ကာ ခုနကထည့်လက်စအဝတ်တွေ‌ကိုသေချာခေါက်၍ ထည့်နေသည်။

"တူ တူ တူ"

ဖုန်းသံကြားတာမို့ ဘေးဘီကိုလှမ်း၍ရှာတော့ မှန်တင်ခုံပေါ်ရောက်နေသည်။မဒီက လှမ်းယူကာလိုက် contact name ကိုကြည့်လိုက်တော့ Koko❤️ ဆိုတဲ့အသည်းပုံစတေကာလေးနဲ့ ပုံက ပင်ဂွင်းပုံလေးဖြစ်နေသည်။မဒီခဏတော့ကြောင်သွားပြီး ဖုန်းနံပါတ်ကိုလှမ်းကြည့်တော့ မြတ်ဘုန်းဖုန်းနံပါတ်ဖြစ်နေသည်။ဟင် သူဘယ်တုန်းကယူပြီး ပြောင်းလိုက်တာလဲ။မဒီကမတ်တပ်ရပ်၍ အတွေးတွေနယ်ချဲ့နေတုန်း ဖုန်းမြည်သံလေးရပ်သွားသည်။ထိုမှသာ မဒီပြန်ခေါ်ဖို့ သတိရသည်။

"တူ တူ တူ"

ပြန်ခေါ်မလို့ပြင်နေတုန်းမှာ ဖုန်းကပြန်မြည်လာတာမို့ တုံ့ဆိုင်းမနေတော့ဘဲ call ကို accept လုပ်လိုက်သည်။

"ဟယ်လို"

"ဟယ်လို မဒီလား"

"အင်း မဒီ့ဖုန်းကိုခေါ်မှတော့ မဒီပေါ့"

"ဟားဟား...ဟုတ်ပါပြီ ခုနကဘာလို့ဖုန်းမကိုင်တာလဲ"

"အဝတ်ထည့်နေတာ"

"အဟင်း မိုးတွေရွာနေတယ်...သိလား"

"သိတယ်လေ"

"အင်း"

"ဘာပြောစရာရှိလို့ ဖုန်းဆက်တာလဲ"

"ဟောဗျာ ကိုယ်က မင်းယောင်္ကျားလေ ပြောစရာရှိမှခေါ်ရမှာလား.....ဒီတိုင်းသတိရလို့ အသံလေးကြားချင်လို့"

When Love Lasts (OC)Where stories live. Discover now