Chapter-15
Part-2
Unicode"ကျွန်တော်နဲ့မဒီကိုလက်ထပ်ခွင့်ပြုပါ အန်တီနဲ့အန်ကယ်"
"မောင်ရင်နဲ့ဦးလေးတို့သမီးမဒီနဲ့တွဲတာဘယ်လောက်ကြာပြီလဲ"
ဖေဖေဘက်ကအချိန်တော်ကြာမှအသံထွက်လာသည်။
"ဟို ၃ နှစ်လောက်ရှိပါပြီ အန်ကယ်"
"၂ နှစ်ပါ ဖေဖေ"
"ဟင်"
"အယ်"
"ဟို ကို ကို မြတ်ဘုန်းပြောသလိုပါပဲ ၃ နှစ်လောက်ရှိပါပြီ ဖေ"
မဒီနဲ့မြတ်ဘုန်းကြိုတင်တိုက်ထားခြင်းလဲမရှိတာမို့ အလွဲလွဲအချော်ချော်တွေနဲ့ပင်။
"ဟင်း သမီးတို့ကလည်းခက်သားကွယ် ၃ နှစ်အတွင်းမှာ မေမေတို့ကို အသိပေးခြင်းလည်းမရှိဘဲ အခုလက်ထပ်ပါတော့မယ် ဆိုတော့ မေမေဘယ်လိုပြောရမလဲ"
"ဖေဖေနဲ့မေမေကိုသမီးတောင်းပန်ပါတယ် သမီးတို့ဖေဖေနဲ့မေမေကို လန့်သွားလိုစိတ်မရှိပါဘူး"
"ဟုတ်ပါတယ် အန်တီနဲ့အန်ကယ် ကျွန်တော်တို့ရဲ့အပြစ်တွေပါ"
"ဟင်းး ဘယ်လိုပြောရမလဲ ဖေကြီးရှင့်ဆန္ဒကရော"
"သားသမီးဆိုတာ သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်မဟုတ်လား မေကြီးရယ်။ငါတို့သမီးလေး ကောင်းမွန်စွာ ကြီးပြင်းလာပြီး ကောင်းမွန်စွာလက်ထပ်သွားရင် ငါတို့သမီးလေးကိုပျိုးထောင်ခဲ့ရကျိုးနပ်ပါတယ်"
မဒီမှာဖေဖေ့စကားကြောင့် မျက်ရည်လည်ချင်လာသည်။မဒီတို့ကအရမ်းချမ်းသာတာမဟုတ်ပေမဲ့ အဖေနဲ့အမေက မဒီကိုလိုလေသေးမရှိထားခဲ့တာပင်။ဖေဖေက ဆရာဝန်တစ်ယောက်ဖြစ်ပြီး မေမေကတော့ အေးအေးဆေးဆေးနှင့် သူ့ဘဝကို မိသားစုမှာမြှုပ်နှံခဲ့တာပင်။အခုမဒီ့အသက် ၂၄ ရောက်တဲ့ထိမိသားစုအတွက် လစဉ်ငွေထောက်ပံ့ခဲ့တာကလွဲရင် ဘာမှမလုပ်ပေးနိုင်ခဲ့တာကိုဝမ်းနည်းလာမိသည်။
"စိတ်ချပါ အန်တီနဲ့အန်ကယ် ကျွန်တော်မဒီကိုတစ်သက်လုံးကောင်းမွန်စွာ စောင့်ရှောက်သွားမယ်လို့ ကတိပေးပါတယ်"
"အေးပါ အန်ကယ်တို့လည်းအဲ့လိုပဲ မျှော်လင့်ပါတယ် မဒီကိုသည်းခံခွင့်လွှတ်ပြီးတစ်သက်လုံးချစ်ပေးပါမယ်လို့ ကတိပေးပါ"
YOU ARE READING
When Love Lasts (OC)
Romance"မနက်မိုးလင်းလို့ မျက်လုံးနှစ်လုံးပွင့်လာတဲ့အခါ ကိုယ်အတွေးထဲရောက်လာတတ်သူက မဒီကလွဲပြီးဘယ်သူမှမရှိဘူး" "မဒီ ရှင်နဲ့အတူတူရှိနေရတာကို သဘောကျပါတယ်" Bar တစ်ခုမှာတွေ့ဆုံခဲ့ကြပြီး အမှားတစ်ခုကို အတူတူကျူးးလွန်ခဲ့ကြရာကနေ သူတို့နှစ်ယောက်ရဲ့ တွေ့ဆုံမှုဟာစတင်ခဲ့...