Chapter-20 (U&Z)

2.8K 110 6
                                    

Chapter-20
When Love Lasts
Unicode

စနေနေ့
Eve Bar & Restaurant

"အဟင်းဟင်းး မေသီ့ကိုအရင်ဖုန်းဆက်လိုက်တာလေ ငါတောင်နင်တို့ကို ဖုန်းထပ်ဆက်စရာမလိုဘူး သတင်းကပြန့်နေပြီ"

စနေနေ့မှာတော့ မဒီ့သူငယ်ချင်းတွေနဲ့ bar တစ်ခုမှာချိန်းလိုက်ကြသည်။သူငယ်ချင်းတွေချည်းပဲမို့မဒီ စိတ်လွတ်လက်လွတ်နဲ့ပေါ့ပေါ့‌ပါးပါးဖြစ်နေသည်။မ‌တွေ့ရတာကြာပြီမို့ သူငယ်ချင်းတွေအကုန်လုံး beer တစ်ခွက်စီနဲ့စကားဝိုင်းကိုစတင်နေကြပြီပင်။မဒီကတော့ လိမ္မော်ရည်ပေါ့လေ။အရင်အချိန်တွေမှာဆိုရင်တော့ သူငယ်ချင်းတွေသောကြာနေ့တိုင်းဆုံကာ club တွေ bar တွေမှာ ညလုံးပေါက်ကဲကြသည်။မူးလို့သောင်းကျန်းကြလျှင်လည်း မဒီကအဆိုးဆုံးပဲဖြစ်သည်။အခုမဒီမသောက်လို့ အကုန်လုံးကအံ့ဩနေကြပေမဲ့မဒီ့မှာ အပြုံးလေးနဲ့သာရီနေရသည်။မဒီ့မှာကိုယ်ဝန်ရှိနေပြီဆိုတာကိုတော့မပြောပြဖြစ်။အကုန်လုံးကမဒီ့ကိုဝေဖန်အပြစ်မြင်မဲ့လူတွေတစ်ယောက်မှမပါပေမဲ့ မဒီမပြောပြချင်ပါ။

"အေးလေ အရေးကြီးသတင်းကိုဘယ်လက်လွှတ်ခံလို့ဖြစ်မှာလဲ"

မေသီက beer တစ်ငုံမော့ပြီးမှ မဒီ့ပြောလက်စကိုဝင်၍ဆက်ပြောသည်။ရွယ်သွေးနဲ့မေမိုးကတော့ဘာမှဝင်မပြောဘဲ တူလေးနဲ့ဟိုဟာလေး စားလိုက် ဒီဟာလေးစားလိုက်နှင့် ပြုံးတုံတုံလုပ်နေကြသည်။

"နီယွန်ည‌ထဲမီးရောင်စုံနဲ့××××လူတွေလှုပ်ရှားသွားလာဆဲလေ×××ကိုယ့်နှလုံးသားကတစိမ်းအရပ်မှာကျက်စား.......××ချစ်ခဲ့တဲ့အချစ်တွေ ဘယ်လိုမေ့ပျောက်နိုင်မလဲ×××အားလုံးပြန်တွေးရင်အရာရာမနေ့ကလိုပဲ×××နှစ်လတွေပြောင်းပါစေ ရင်မှာအမြဲတမ်းရှင်သန်ဆဲ...."

ဒီနေ့က unplugged ညမို့ စင်ပေါ်ကနေ ဝိုင်ဝိုင်းရဲ့ အထီးကျန်ဝိညာဉ်သီချင်းကို အသံချိုချိုလေးနဲ့ကောင်မလေးကဆိုနေသည်။

"မဒီ နင်ဇေနဲ့ပြတ်သွားတာ အရမ်းကောင်းတယ် သိလား။နင်အဲ့ကောင်နဲ့သာယူမယ်ဆို ငါတော့အပြင်းအထန်ကန့်ကွက်မှာ"

"ဟုတ်တယ် အခုအဲ့ကောင်မဟုတ်တာ တော်သေးတယ်။ငါတော့အဲ့ကောင်မဟုတ်ရင်ပြီးတာပဲ ဘယ်သူနဲ့ဖြစ်ဖြစ်ဝမ်းသာနေရော"

When Love Lasts (OC)Where stories live. Discover now