Chapter-6 (U&Z)

5.5K 119 1
                                    

Unicode
Chapter-6

မဒီ အိမ်ကိုပြန်မှဖြစ်မှာမို့ အနီးနားက taxi ကိုလှမ်းတားလိုက်သည်။

"ဦးလေး အလုံဘက်သွားချင်တာ ရလားရှင်"

"ရတယ် တူမကြီး တက်"

"ဟုတ်"

မဒီတက္ကစီပေါ်ထိုင်လိုက်မှ အသက်ဝဝရှုမိသည်။မနေ့ကကိစ္စကိုတွေးမိရင် ရှက်လွန်းလို့ စိတ်ညစ်မိသည်။ဟိုဘက်လူကတော့ သူမကိုဘယ်လိုမိန်းမစားမျိုးထင်သွားပြီလဲမသိပါဘူး။မဒီက ပန်းချီဆရာမတစ်ယောက်ပါ။အခုလောလောဆယ်တော့ international school တစ်ခုမှာ ပန်းချီနည်းပြအဖြစ်ဝင်လုပ်နေတာပင်။
အရင်အိမ်က အလုပ်နဲ့ နဲ့ဝေးတာမလို့ နီးအောင် အလုံဘက်မှာ‌တိုက်ခန်းငှားနေနေတာမကြာသေး။

"ရတယ် ဦးလေး ဒီနားမှာပဲရပ်ပေးပါ"

"ဘယ်လောက်ပေးရမလဲရှင်"

"၆၀၀၀ ပဲပေးပါ"

"ဟုတ် ဒီမှာနော် ကျေးဇူးပါ"

"ဟင် အမေ ဒီမှာဘာရပ်လုပ်နေတာလဲ"
မဒီလှေကားနဲ့အပေါ်တက်လာရင်း မေမေ့ကိုအခန်းရှေ့မှာငုတ်တုတ်မြင်လိုက်ရသည်။

"ဟင်းဘူးတွေလာပို့တာလေ မနက်ဖြန် တနင်္လာနေ့ဆိုတော့ ငါ့သမီးဟင်းချက်နေရမှာစိုးလို့ ဒါနဲ့ညည်းကမနက်စော‌စောဘယ်သွားနေတာလဲ"

" ဟို ဟိုဟာလေ"

"အိမ်ပြန်မအိပ်ဘူးလား မနေ့ညက"

"အယ် ဟို ဟုတ် မနေ့က မေသီ့မွေးနေ့မို့ မေသီ့အိမ်မှာစုအိပ်ကြတာအမေရဲ့"

"မေသီ့မွေးနေ့ကအရင်လကမဟုတ်ဘူးလား အမေတောင် မွေးနေ့လက်ဆောင်ထည့်ပေးလိုက်တယ်လေ"

"အယ် အဟားး ဟုတ်တယ် ဟုတ်တယ် အခုကမေသီ့မောင်လေးမွေး‌နေ့"

"ဟွန်း အိမ်ကလွတ်တာနဲ့အိမ်လည်းပြန်အိပ်ထင်တိုင်းကိုကြဲနေတာပဲ မပြောချင်ဘူးနော် မဒီ"

"ဟာာ အမေကလည်းတစ်ရက်တည်းကို"

မာတာမိခင် ဒေါ်မူမူကမျက်စောင်းတစ်ချက်ဝေ့ကာ မပြောချင်တော့ဘူးဆိုတဲ့ပုံစံနဲ့ခေါင်းခါပြသည်။

"အဟဲ မေကလည်း အဖေရောမပါဘူးလား"

"မပါဘူးလေ အမေတစ်ယောက်တည်းလာပို့တာ"

When Love Lasts (OC)Where stories live. Discover now