Chapter-21 Yes!We are now married❤️

4.4K 101 6
                                    

Chapter-21
When Love Lasts
Unicode

Warning ⚠️ sexual contentပါ အသက်မပြည့်သေးတဲ့ကလေးလေးတွေ read at ur own risk

"သမီး မာမီ့ကိုမျက်လုံးလေးအောက်စိုက်ကြည့်ပေး...အွန်း အင်း ဟုတ်တယ်....သတို့သမီးရဲ့မျက်နှာအစိတ်အပိုင်းတစ်ခုစီကအရမ်းလှနေတော့ မာမီတောင်အရမ်းပြင်စရာမလိုဘူး ဟင်းဟင်း"

ဒီနေ့ကမဒီတို့မင်္ဂလာဆောင်မဲ့နေ့။( ) Hotel မှာပဲ ‌မနက်ပိုင်းကိုမင်္ဂလာလက်မှတ်ရေးထိုးပွဲကျင်းပပြီး ညပိုင်းကို dinner party ပေးမှာပင်။အခု hotel က service ပေးထားတဲ့အခန်းထဲမှာ မဒီ သတို့သမီးမိတ်ကပ်ပြင်နေတာပင်။သတို့သမီး သတို့သားဘက်က အမေတွေက ဟိုဘက်အခန်းထဲမှာပြင်ရတာဖြစ်ပြီး မဒီကတော့တစ်ယောက်တည်းသီးသန့်ပြင်ရသည်။မဒီ့ကိုလိမ်းပေးတဲ့ မိတ်ကပ်ဆရာမကလည်း သဘောကောင်းတာမို့ စိတ်ကျဉ်းကျပ်တာတွေတော့မဖြစ်မိ။

"ဒေါက် ဒေါက်"

‌"ဟောတော် ရှင့်သတိုးသားကြီးရောက်လာပြန်ပြီထင်တယ် ဟင်းဟင်း"

မြတ်ဘုန်းကခုနထဲက တံခါးကိုခဏခဏခေါက်ကာ အခန်းထဲဝင်ဝင်လာသည်။ပြီးရင် ဟိုကြည့် ဒီကြည့်လုပ်ပြီး ပြန်ထွက်သွားတတ်သည်။မိတ်ကပ်ဆရာမကလည်း ရိပ်မိဟန်တူကာ မြတ်ဘုန်းထွက်သွားတော့မဒီ့ကိုလှမ်းစသည်။

"သတို့သားကခဏခဏရောက်လာပြီး ဘာမှလည်း မပြောသွားဘူး ဟင်းဟင်း မင်္ဂလာမဆောင်ခင်က စိတ်များကောက်နေခဲ့ကြလို့လား"

"အဟင်းဟင်း မဟုတ်ပါဘူး။"

တကယ်တော့မြတ်ဘုန်းလည်းမဒီ့လိုစိတ်လှုပ်ရှားနေမယ်ထင်ပါတယ်။တစ်ယောက်နဲ့တစ်ယောက်ပုံမှန်နေ့ရက်တွေကိုဖြတ်သန်းရင်း မင်္ဂလာဆောင်မဲ့နေ့ကရောက်မှန်းမသိရောက်လာခဲ့သည်။ဖိတ်စာတွေအားလုံးကို မြတ်ဘုန်းရဲ့ မာမီကပဲ အကုန်ဦးစီးဖိတ်လိုက်ကာ မဒီဘက်ကဖိတ်ဖို့ကျ မဒီ့မေမေကပဲဦးစီး၍ဖိတ်လိုက်သည်။အဲ့ဒါကြောင့်မို့ မင်္ဂလာဆောင်ဆိုတာ ဘာမှန်းမသိပဲ ပုံမှန်နေ့ရက်လိုမျိုးကြီးရောက်လာခဲ့သည်။

မြတ်ဘုန်းကမုန့်ဘူးလေးတစ်ဘူးနဲ့ နွားနို့ခွက်ကိုကိုင်လာကာ မဒီ့နားချပေးသည်။

When Love Lasts (OC)Where stories live. Discover now