Unicode
Chapter-3"ကျွန်မအခုအသည်းကွဲနေတာ"
"ရှင်ရောအသည်းမကွဲဖူးဘူးလား"
"ကျွန်မကိုမူးနေတယ်ထင်လို့ ပြန်မဖြေတာလား"
"ကျွန်မမမူးဘူးနော်"
သူဘာမှမပြောရသေးဘဲ တစ်ရစပ်ပြန်ဖြေရှင်းနေသော လူကောင်သေးသေးလေးတွေကို ကြည့်ရင်းရီချင်လာသည်။
"အဟွန်း"
"ဘာရီတာလဲ"
"ဘာမှမဟုတ်ပါဘူး အေးဆေးသောက်ပါ"
"One cup ညီလေး"
"ဟုတ် ဆရာ"
တစ်ဖြေးဖြေးအချိန်တွေကုန်လာသည်။Labelအစွမ်းကြောင့် သူနည်းနည်းထွေလာသည်။ ဟိုကောင်မလေးကိုတစ်ချက်ပြန်ကြည့်တော့ ခေါင်းငိုက်စိုက်ကာ သီချင်းတိုးတိုးလေးဆိုနေသည်။မနက်ဖြန်လည်းရုံးတက်ရဦးမယ်မို့ သူကိုယ်သူ ဘရိတ်အုပ်မှရမည်။
"Bill တွက်လိုက်တော့ ညီလေး""ရှင်ပြန်တော့မလို့လား"
အချိန်အတော်ကြာပြန်ထွက်လာတဲ့ ရီဝေဝေအသံလေး။
"အင်း မင်းလည်းပြန်သင့်နေပြီထင်တယ်"
"အဟွန်း"
"ဘာကိုရီတာလဲ"
"ဒီတိုင်း သဘောကျလို့"
ထိုစဉ် waiter ကောင်လေးက bill ကမ်းပေးလာတာမို့ သူမဘက်ကိုပြန်အာရုံမစိုက်မိ။
ပြန်ခါနီး သူမဘက်ကိုတစ်ချက်ကြည့်မိတော့ ခေါင်းငိုက်စိုက်နေသည်။
ဟူးး ငါ့ကိစ္စမဟုတ်ပါဘူးလေ။ပြန်ပို့ပေးဖို့ရည်ရွယ်ပေမဲ့ သူမကိုယ်တိုင်လည်းအရွယ်ရောက်ပြီးသားလို့ ထင်ရတာမို့ လျစ်လျူရှူလိုက်မိသည်။
"ဒီမှာ ရှင် အွန့်"
ရုတ်တရပ်မြတ်ဘုန်းရဲ့ နှုတ်ခမ်းထဲ အရက်နံ့သင်းသင်းလေးဝင်လာရင်း အိအိထွေးထွေးနှုတ်ခမ်းလေးတွေကို ခံစားမိသည်။
အရက်ရှိန်ကြောင့်ရော နှုတ်ခမ်းအိအိလေးတွေကြောင့် မြတ်ဘုန်းဟန်မဆောင်နိုင်စွာ တုံ့ပြန်မိသည်။
"ဟင်းးး"
သူမဘက်ကမောနေတဲ့ညည်းသံလေးတွေထွက်လာတော့ နမ်းနေတဲ့ကြားကခဏရပ်မိသည်။"ကျွန်မတို့ အခန်းသက်သက်ယူချင်လား"
နောက်အပိုင်းကမှောင်မှာမလို့ မီးလေးခဏဖျက်ပရစေနော်🤭
Zawgyi
"ကျွန်မမမူးဘူးနော်"
"အဟွန်း"
"ဘာရီတာလဲ"
"One cup ညီလေး"
"ဟုတ် ဆရာ"
"အဟွန်း"
"ဘာကိုရီတာလဲ"
"ဒီတိုင်း သဘောကျလို့"
"ဒီမှာ ရှင် အွန့်"
"ဟင်းးး"
YOU ARE READING
When Love Lasts (OC)
Romance"မနက်မိုးလင်းလို့ မျက်လုံးနှစ်လုံးပွင့်လာတဲ့အခါ ကိုယ်အတွေးထဲရောက်လာတတ်သူက မဒီကလွဲပြီးဘယ်သူမှမရှိဘူး" "မဒီ ရှင်နဲ့အတူတူရှိနေရတာကို သဘောကျပါတယ်" Bar တစ်ခုမှာတွေ့ဆုံခဲ့ကြပြီး အမှားတစ်ခုကို အတူတူကျူးးလွန်ခဲ့ကြရာကနေ သူတို့နှစ်ယောက်ရဲ့ တွေ့ဆုံမှုဟာစတင်ခဲ့...