Chapter-27
When Love Lasts
Unicodeမျက်လုံးတွေက မနက်ခုနှစ်နာရီကျော်တာနဲ့ သူ့တာဝန်သူသိစွာဖြင့် ပွင့်လာခဲ့သည်။အလုပ်
ကြောင့် မနက်စောစောထရသူမို့ နောက်ကျမှအိပ်ရာထခြင်းက မြတ်ဘုန်းနှင့်စိမ်းသက်စွာရှိနေသည်။ဘေးကသူ့ရင်ခွင်ထဲမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ မဒီ့ကိုကြည့်ပြီး ပုံပျက်နေပြီဖြစ်တဲ့ သူမကိုယ်ပေါ်ကစောင်ကို သေချာပြန်၍ဆွဲခြုံပေးလိုက်သည်။မနေ့ကတစ်ညလုံး သူမနဲ့အတူ တစ်ရေးမှမနိုးဘဲ သူကိုယ်တိုင်လည်း အိပ်ပျော်သွားတာမို့ မနက်နိုးလာတဲ့အချိန်မှာ ဘယ်ဘက်လက်တစ်ခုလုံးထုံကျင်နေသည်။မဒီနိုးမှာစိုး၍ သူမခေါင်းလေးခပ်ဖွဖွပင့်ကာ သူမခေါင်းအောက်မှာရောက်နေတဲ့ သူ့ရဲ့လက်ကိုခပ်ဖြေးဖြေးဆွဲထုတ်လိုက်သည်။မဒီကတစ်ချက်လွန့်လူး၍ ဟိုဘက်သို့ စောင်များနှင့်လုံးထွေးကာ လှည့်သွားသည်။မြတ်ဘုန်းက သဘောကျစွာဖြင့် သူမနောက်ကနေ ခါးလေးကိုသိမ်း၍ဖက်လိုက်ကာ ရင်ခွင်ထဲသို့ပြန်ဆွဲသွင်းလိုက်သည်။ပြီးလျှင်မျက်လုံးများကို ပြန်မှိတ်လိုက်ကာ သူလည်းနောက်တစ်ရေးလောက်ထပ်အိပ်ဖို့ကြံရွယ်လိုက်သည်။သို့သော် ကျင့်သားရနေပြီဖြစ်တဲ့ မျက်လုံးများကသူ့အလိုကျ အိပ်ပျော်သွားခြင်းမရှိဘဲ ၁၀ မိနစ်လောက် ကြောင်တောင်တောင်ဖြစ်ပြီး အိပ်၍မရခဲ့။အိပ်လို့မရတော့တာသေချာနေပြီမို့ စောင်ကိုကိုယ်ပေါ်မှဖယ်၍ ကုတင်မှခပ်တိုးတိုးထကာ bathroom ထဲသို့ဝင်ပြီး မျက်နှာသစ်၊သွားတိုက်လိုက်သည်။မျက်နှာကို ဗီရိုထဲက မျက်နှာသုတ်ပဝါအသစ်သန့်သန့်လေးနဲ့သေချာ သုတ်ကာ မီးဖိုခန်းထဲသို့ထွက်လာခဲ့သည်။မနက်အစောပိုင်းဖြစ်နေသည်မို့လို့လားတော့ မသိ။မနေ့ညကထပ် ပို၍ပင်အေးနေသေးသည်။ရေခဲသေတ္တာထဲကနေ ဘာများရှာတွေ့မလဲဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ရေခဲသေတ္တာတံခါးကိုဆွဲဖွင့်ကာ အပေါ်အောက်လှန်လှောရှာမိသည်။အောက်အကန့်မှာ ပေါင်မုန့်ချပ်တစ်ထုပ်နှင့် ယိုဘူးတွေကိုတွေ့လိုက်ရသည်။ဘေးကအကန့်မှာ ကော်ဖီအကြမ်းမှုန့်တစ်ဗူးရှိသည်။သူ့အတွက် ကော်ဖီကအဆင်ပြေပြီဖြစ်ပေမဲ့ မဒီ့အတွက် မနက်စောစောသောက်ဖို့ရာ နွားနို့ဗူးလေးများ ရှိနေမလားလို့ ဆက်၍ရှာနေမိသည်။
CZYTASZ
When Love Lasts (OC)
Romans"မနက်မိုးလင်းလို့ မျက်လုံးနှစ်လုံးပွင့်လာတဲ့အခါ ကိုယ်အတွေးထဲရောက်လာတတ်သူက မဒီကလွဲပြီးဘယ်သူမှမရှိဘူး" "မဒီ ရှင်နဲ့အတူတူရှိနေရတာကို သဘောကျပါတယ်" Bar တစ်ခုမှာတွေ့ဆုံခဲ့ကြပြီး အမှားတစ်ခုကို အတူတူကျူးးလွန်ခဲ့ကြရာကနေ သူတို့နှစ်ယောက်ရဲ့ တွေ့ဆုံမှုဟာစတင်ခဲ့...