Unicode
Chapter-13"ကျွန်တော်တို့ကို ... ခွင့်ပြုပါဦး မင်္ဂလာဆောင်ကျရင်အကုန်လုံးကို... မပျက်မကွက်ဖိတ်လိုက်မယ်နော်.. အန်တီရိုစီလည်းခွင့်ပြုပါဦး"
"အော် အေး"
အန်တီရိုစီလည်းရုတ်တရပ်ဆွံအကာ ဘာမှမပြောနိုင်တော့ဘဲ မြတ်ဘုန်းနှုတ်ဆက်လိုက်မှ စကားသံထွက်လာသည်။
မြတ်ဘုန်းကမဒီလက်ကောက်ဝတ်လေးကို ဆွဲချိတ်ထားကာ အပြင်သို့တန်းတန်းမတ်မတ်ခေါ်ထုတ်လာသည်။
"အား အာ့ လွှတ်ပါဦး ကျွန်မကို"
ယောင်္ကျားလေးအားနဲ့မိန်းကလေးအား မမျှတာမို့ ထိုလူဆုပ်ကိုင်ထားတဲ့ လက်ကောက်ဝတ်ကတအားနာလာသည်။
"မင်းကအရူးလား.....မင်းဒီလောက်အပြောခံနေရတာကို ဘာလို့ငြိမ်ခံနေတာလဲ...မင်းဘာမှမရှင်းပြဘူးလား"
"ကျွန်မကဘာကိုရှင်းပြရမှာလဲ...ဟုတ်တယ် ကျွန်မ bar တစ်ခုမှာယောင်္ကျားတစ်ယောက်နဲ့မှားခဲ့လို့ ဒီကိုယ်ဝန်ရသွားတာပါလို့ ပြောရမလား"
"ကျစ် မင်း"
မြတ်ဘုန်းကစိတ်တိုနေတာကနေ စိတ်ကိုလျှော့လိုက်သည့်ပုံစံနှင့်
"တစ်နေရာရာမှာ စကားသွားပြောရအောင် လူတွေကြည့်နေကြတော့ မင်းအတွက်မကောင်းဘူးလို့ ကိုယ်ထင်တယ်"
ဟုတ်သည်။ကျောင်းရှေ့မှာ လူတော်တော်များများလည်းရှိတာမို့ မဒီနဲ့မြတ်ဘုန်းကို ဝိုင်းကြည့်နေကြသည်။
"ကျွန်မမှာပြောစရာမရှိဘူး"
"မင်းမရှိပေမဲ့ ကိုယ်မှာပြောစရာတွေရှိတယ်လေ
ခဏလိုက်ခဲ့ပေး"တောင်းဆိုတာလည်းမဟုတ်။အမိန့်သံပါနေသည့်အသံမျိုး။
"အို မလိုက်ပါဘူး"
"မရဘူး လိုက်ခဲ့ရမယ်"
မြတ်ဘုန်းက မဒီခန္ဓာကိုယ်လေးစွေ့ခနဲ ပွေ့ပစ်လိုက်သည်။
"အို ရှင် ရှင် မရှက်ဘူးလား... ချပေးနော် ကျွန်မကို"
"မင်းဒီလိုဆက်ခေါင်းမာနေမယ်ဆို ကိုယ်မချပေးဘူး"
KAMU SEDANG MEMBACA
When Love Lasts (OC)
Romansa"မနက်မိုးလင်းလို့ မျက်လုံးနှစ်လုံးပွင့်လာတဲ့အခါ ကိုယ်အတွေးထဲရောက်လာတတ်သူက မဒီကလွဲပြီးဘယ်သူမှမရှိဘူး" "မဒီ ရှင်နဲ့အတူတူရှိနေရတာကို သဘောကျပါတယ်" Bar တစ်ခုမှာတွေ့ဆုံခဲ့ကြပြီး အမှားတစ်ခုကို အတူတူကျူးးလွန်ခဲ့ကြရာကနေ သူတို့နှစ်ယောက်ရဲ့ တွေ့ဆုံမှုဟာစတင်ခဲ့...