Chapter-17
When Love Lasts
Unicodeမြတ်ဘုန်းကမဒီလက်လေးကိုတွဲကာဧည့်ခန်းထဲဆီသို့ဦးတည်လာခဲ့သည်။အိမ်ထဲကိုရောက်ရောက်ချင်း လင်းထိန်နေတဲ့မီးရောင်တွေနဲ့ ကျွန်းစားပွဲကြီးကိုအရင်တွေ့ရသည်။ပြီးလျှင်ဘေးမှာကျွန်းထိုင်ခုံများပတ်လည်လျက်ရှိကာ ပန်းအိုးထဲကအစိမ်းရောင်အပင်များကဝေဝေဆာနေသည်။ဧည့်ခန်းတစ်ခုလုံးကိုကျွန်းရောင်သုတ်ထားတာဖြစ်ပြီးနံရံတွေမှာပန်းချီကားများကိုချိတ်ထားသည်။မဒီ အံ့ဩမိသည်။ကိုမြတ်ဘုန်းရဲ့ဝတ်ပုံစားပုံတွေနဲ့ရေမွှေးရနံ့တွေကိုကြည့်ပြီးအဆင့်အတန်းရှိတဲ့အသိုင်းအဝိုင်းကထင်ခဲ့ပေမဲ့ဒီလောက်ကြီးထိလို့မထင်ပါ။အယုတ်စွဆုံးမဒီကိုယ်တိုင်ကိုက သူဘာအလုပ်လုပ်လဲမသိခဲ့။ကျောင်းရုံးခန်းထဲသူကိုယ်တိုင်သူရဲ့ business card ကိုဝေမှသိခဲ့တာပင်။မဒီကိုယ်တိုင်ကလည်းသူများအကြောင်းကိုမေးရမှာဝန်လေးလှသည်လေ။မေးရမှာကိုဝန်လေးတာထက်စိတ်မဝင်စားတာပါ။မေမေသာသိရင်မဒီ့ခေါင်းကိုနာနာခေါက်ပြီးဆူမှာပင်။မေမေလက်စကိုသိနေတဲ့မဒီကတွေးနေရင်းနဲ့ပဲခေါင်းကြိမ်းသွားသည်။
"ကဲ ထိုင်ကြဦးကွယ်...သမီးလေးရောဗိုက်ဆာနေပြီလား"
ကိုမြတ်ဘုန်းအမေကစကားဆက်လိုက်မှမဒီ့အတွေးစတွေပြတ်တောက်သွားကာ ပြုံးပြလိုက်ရင်း
"ဟင့်အင်း...ရပါတယ် မဒီဗိုက်မဆာသေးပါဘူး အန်တီ"
"ဒါနဲ့မေမေ မမနုရော"
"အဟင်းး ရှိပါ့ မီးဖိုခန်းထဲမှာလေ...သူ့ရဲ့မမြင်ရသေးတဲ့ယောင်းမလေးစားဖို့ ကျောက်ကျောထိုးနေတာ"
"အဟင်း... ပြီးပါပြီ ကြီးမိုးရဲ့ လုပ်လက်စလေးတွေလက်စသတ်နေတာ"
မမနုဆိုသောအမျိုးသမီးကမီးဖိုခန်းထဲကနေလက်သုတ်ဝတ်လေးနဲ့ လက်သုတ်ရင်းထွက်လာသည်။ဆံပင်လေးတွေနောက်သို့လှန်တင်ထားကာဘီးကုပ်လေးနဲ့ညှပ်ထားသည်။နံ့သာရောင်ပါတိတ်လေးကိုရင်စေ့ပုံစံလေးဝတ်ထားကာ လမ်းလျှောက်တိုင်း နားကစိန်နားကပ်လေးကတစ်လက်လက်ထနေသည်။ကျွန်းကုလားထိုင်တစ်ခုမှာဝင်ထိုင်လိုက်ကာ အငယ်ဆုံးကလေးမလေးကိုပွေ့ချီလိုက်သည်။
YOU ARE READING
When Love Lasts (OC)
Romance"မနက်မိုးလင်းလို့ မျက်လုံးနှစ်လုံးပွင့်လာတဲ့အခါ ကိုယ်အတွေးထဲရောက်လာတတ်သူက မဒီကလွဲပြီးဘယ်သူမှမရှိဘူး" "မဒီ ရှင်နဲ့အတူတူရှိနေရတာကို သဘောကျပါတယ်" Bar တစ်ခုမှာတွေ့ဆုံခဲ့ကြပြီး အမှားတစ်ခုကို အတူတူကျူးးလွန်ခဲ့ကြရာကနေ သူတို့နှစ်ယောက်ရဲ့ တွေ့ဆုံမှုဟာစတင်ခဲ့...