Chapter-19
When Love Lasts
Unicode"ဒီအင်္ကျီကအရမ်းကျပ်မနေဘူးလား မဒီ"
Wedding studio ထဲတွင် မြတ်ဘုန်းနဲ့မဒီတို့နှစ်ယောက် မင်္ဂလာဝတ်စုံရွေးနေခြင်းဖြစ်သည်။မင်္ဂလာဝတ်စုံကို မဒီ့ကိုယ်အတိုင်းနဲ့ကွက်တိချုပ်ပေးချင်ပေမဲ့ အချိန်မရှိတော့တာမို့ ဝယ်ဖို့သာဆုံးဖြတ်လိုက်သည်။
"ဟွန်းး ကိုမြတ်ဘုန်းကလည်း တစ် studio လုံးထဲကဝတ်စုံတွေအကုန်ကုန်တော့မယ် ရှင်အခုထိစိတ်တိုင်းမကျသေးဘူးလား"
မဒီတို့ကညပိုင်းကျင်းပမဲ့ dinner အတွက်ဝတ်စုံဂါဝန်ရွေးနေကြတာပင်။မြတ်ဘုန်းအတွက်ကမဒီရွေးတဲ့အင်္ကျီနဲ့လိုက်တဲ့ suit ချက်ချင်းစီစဉ်ပေးလို့ရပေမဲ့ မဒီမှာတော့တစ်ထည်ပြီးတစ်ထည်ဝတ်ကြည့်နေရသည်။ဝတ်တဲ့အထည်တိုင်းကိုလည်း မြတ်ဘုန်းကစိတ်တိုင်းမကျနေပါ။ရင်ဟိုက်လို့လည်းဟိုက်လို့၊fitting အရမ်းဖြစ်နေလို့လည်းဖြစ်လို့ ကျောပေါ်နေတော့လည်းပေါ်လို့ဂျီးများနေသည်။
"အဟင်းး သတို့သားစိတ်ကြိုက်မတွေ့သေးလို့ထင်တယ်။သတို့သားကသတို့သမီးစိတ်ကြိုက်လေးလည်းပေးရွေးလိုက်ပါဦးး ဟင်း ဟင်း"
"ရွေးပေးချင်ပါတယ်။ဒါမဲ့ပွဲတစ်ခုဧည့်ခံရတာလွယ်တာမှမဟုတ်တာ အချိန်သုံးနာရီစာလောက်အပင်ပန်းခံရမဲ့အချိန်မှာ သတို့သမီးသက်တောင့်သက်သာရှိဖို့ကအရေးကြီးဆုံးမဟုတ်လား"
"ဟို....ဟုတ် ဟုတ်ပါတယ် အဟင်း"
မြတ်ဘုန်းက လျှာရှည်နေတဲ့ staff ကောင်မလေးကိုမျက်နှာတည်တည်နဲ့ဟောက်လိုက်တော့ ထိုကောင်မလေးပြာသလဲလဲဖြစ်သွားရသည်။
"ဟို ကျွန်မနောက်တစ်စုံထပ်ပြပေးမယ်ရှင့် ခဏစောင့်ပေးပါနော်"
ဟုဆိုကာ ခပ်မြန်မြန်ထွက်သွားသည်။ထိုကောင်မလေးထွက်သွားမှ မဒီကမြတ်ဘုန်းကို မျက်စောင်းလှည့်ထိုးကာ ဗိုက်ခေါက်ကိုဖွဖွလေးလိမ်ဆွဲပစ်လိုက်သည်။
"အားး ဟား မဒီ ကိုယ်ဘာလုပ်လို့လဲ"
"ဟွန့် ရှင်ဘယ်လိုဖြစ်နေတာလဲ။ရှင်အဲ့လိုဟောက်လိုက်တော့ staff ကောင်မလေးလန့်သွားပြီ"
YOU ARE READING
When Love Lasts (OC)
Romance"မနက်မိုးလင်းလို့ မျက်လုံးနှစ်လုံးပွင့်လာတဲ့အခါ ကိုယ်အတွေးထဲရောက်လာတတ်သူက မဒီကလွဲပြီးဘယ်သူမှမရှိဘူး" "မဒီ ရှင်နဲ့အတူတူရှိနေရတာကို သဘောကျပါတယ်" Bar တစ်ခုမှာတွေ့ဆုံခဲ့ကြပြီး အမှားတစ်ခုကို အတူတူကျူးးလွန်ခဲ့ကြရာကနေ သူတို့နှစ်ယောက်ရဲ့ တွေ့ဆုံမှုဟာစတင်ခဲ့...