Chapter-22
When Love Lasts
Unicodehi everyone Auntum ပါ။မနေ့က နှလုံးသားအရင်းအနှီး chapter-1 update ပြီးချင်း ရေချိုးလိုက်တာ ညကျအအေးမိပြီးခေါင်းတောင်မထောင်နိုင်ဘူး။မနက်ကျဆေးခန်းသွားပြီး တစ်နေကုန်အိပ်နေတာနဲ့ ဒါဒါတို့ကို အသိမပေးလိုက်ရဘူး။ဆောရီးပါနော်။Autumn အခု သက်သာပြီမို့ update ထားပါပြီ။သောကြာနေ့ကအကြွေးကို မနက်ဖြန် အပိုင်းသစ်နဲ့ဆပ်မယ်နော်😽ချစ်တယ်!!!
Warning ⚠️ sexual contentပါ အသက်မပြည့်သေးတဲ့ကလေးလေးတွေ read at ur own risk
"မဒီကလုပ်တတ်လို့လား။"
"ဟင့်အင်းး ဒါမဲ့...ရှင်တောင် မဒီ့အတွက်လုပ်ပေးတာပဲမလား ဟို...မဒီ မ မလုပ်ပေးနိုင်စရာအကြောင်းမရှိပါဘူး"
"ဟာားးးးး။ချစ်လိုက်တာကွာာ အဟွန်းး...ကိုယ့်ကို ပြန်လုပ်ပေးစေချင်လို့ မဒီကို ပြုစုပေးတာမဟုတ်ပါဘူးကွာ။ချစ်လို့။မဒီ့ကို ချစ်လို့။"
"အင်း"
"အဟွန်းး"
မြတ်ဘုန်းကမဒီရဲ့ ချွေးတွေစို့နေတဲ့ နဖူးစပ်ကိုဆံနွယ်လေးတွေကိုဖြေးဖြေးလေးသပ်တင်ပေးကာ
"မောသွားပြီလား"
ရုတ်တရပ်မဒီသတိမထားမိတဲ့အခြေအနေက မဒီတစ်ကိုယ်လုံးမှာ ဘာအဝတ်မှကပ်မနေကာ စောင်သာတစ်ဝက်ခြုံထားရင်း ကုတင်ဘေးမှာမြတ်ဘုန်းက boxer ဘောင်းဘီတစ်ထည်နှင့်မတ်တပ်ရပ်နေလေသည်လေ။မဒီမျက်နှာလေး ရဲတွတ်သွားကာ စောင်ကိုရင်ဘတ်နားထိတင်းနေအောင် ခြုံထားမိသည်။
"ရှင်...ရှင် ဖယ်လေ"
"ဟောဗျာ...အဟွန်း ရှက်နေတာပေါ့ ကိုယ့်မိန်းမက"
"ရှင်နော် အဲ့လိုမခေါ်နဲ့"
"ကိုယ့်မိန်းမမို့လို့ မိန်းမလို့ခေါ်တာလေ နောက်ဆို ကိုယ့်တို့ကလေးလေးရဲ့ အမေတောင်ဖြစ်တော့မှာ။"
"ဟာာ မသိဘူး။ဟင့် အခုဖယ်ပေး။"
"ကိုယ့်ကိုလုပ်ပေးမှာဆို"
မြတ်ဘုန်းအသံက တိုးလျရီဝေနေကာ ဩရှရှနဲ့မို့ မဒီ့တစ်ကိုယ်လုံးကျက်သီတစ်ဖြန်းဖြန်းထွက်သွားသည်။ရှက်လိုက်တာ။ဒီနေရာမှာတင် အငွေ့ပျံပြီး အခန်းအပြင်ရောက်သွားရင်ကောင်းမှာပဲ။
YOU ARE READING
When Love Lasts (OC)
Romance"မနက်မိုးလင်းလို့ မျက်လုံးနှစ်လုံးပွင့်လာတဲ့အခါ ကိုယ်အတွေးထဲရောက်လာတတ်သူက မဒီကလွဲပြီးဘယ်သူမှမရှိဘူး" "မဒီ ရှင်နဲ့အတူတူရှိနေရတာကို သဘောကျပါတယ်" Bar တစ်ခုမှာတွေ့ဆုံခဲ့ကြပြီး အမှားတစ်ခုကို အတူတူကျူးးလွန်ခဲ့ကြရာကနေ သူတို့နှစ်ယောက်ရဲ့ တွေ့ဆုံမှုဟာစတင်ခဲ့...