Chapter-25
When Love Lasts
Unicodeမဒီတို့မောင်းနှင်လာတဲ့ကားလေးက ပြင်စာကိုကျော်လာပြီး တရွေ့ရွေ့နဲ့ အနီးစခန်းနားသို့ရောက်လာခဲ့သည်။အနီးစခန်းဆိုတာ မေမြို့နဲ့ ၁၀ မိနစ်အကွာလောက်သာ မောင်းရတဲ့မြို့လေးဖြစ်ပြီး အတွင်းထဲဝင်လိုက်ရင် ရွာကလေးတွေရှိသည်။
"မဒီ"
"အင်း"
မြတ်ဘုန်းက လက်တစ်ဖက်က ကားစီရာတိုင်ကို ထိန်းကိုင်ရင်း ကျန်တစ်ဖက်က ပေါင်ပေါ်မှာတင်ထားတဲ့ မဒီ့လက်လေးကိုဆုပ်ကိုင်လာသည်။
"ဗိုက်ဆာနေပြီလား"
"ဟင့်အင်း....ရှင်ရော"
"မဆာသေးပါဘူး အဲ့ဒါဆိုကိုယ်တို့ hotel ကိုအရင်ဝင်နားပြီးမှ မုန့်ထွက်စားကြတာပေါ့"
"အင်း ကောင်းသားပဲ"
"မဒီသိလား....ဒီပြင်ဦးလွင်မှာ ကိုယ်နဲ့ငယ်ငယ်ကအရမ်းခင်တဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်.....သူက ဒီကဇာတိတော့မဟုတ်ဘူး ဒါမဲ့ဒီမှာ ဟိုတယ်လုပ်ငန်းနဲ့ ကော်ဖီခြံတွေဦးစီးနေတာ ကိုယ်နဲ့တောင် လွန်ခဲ့တဲ့လလောက်ကမှဆုံကြတာ"
"....."
"မဒီကမေမြို့သွားမယ်ပြောတော့ ကိုယ်သူ့ကို တန်းသတိရတာပဲ အဲ့ဒါနဲ့ဖုန်းဆက်ကြည့်တော့ သူ အနီးစခန်းနားမှာ bungalow hotel လေးတွေဆောက်ထားတယ်တဲ့ အခုလို နိုဝင်ဘာ ဒီဇင်ဘာအချိန်တွေဆို booking အမြဲပြည့်နေတတ်တယ်တဲ့"
"ဟုတ်လား"
မဒီရဲ့ နဂိုမူလမျက်လုံးဝိုင်းဝိုင်းလေးတွေက စိတ်ဝင်စားမှုကြောင့် ပို၍ဝိုင်းစက်လာသည်။
"အင်း အဲ့ဒါ ကိုယ် တစ်ခန်းယူထားတယ် အဲ့ကောင်ကို ကိုယ်နေ့လည်ကမှ မရမက နားပူနားဆာတိုက်ထားတာ အဟွန်း...သူကဖြစ်အောင်လုပ်ပေးပါတယ် သူ့ bungalow ကလည်း မဒီရယ် နှစ်လုံးပဲရှိတယ်တဲ့ ကိုယ်ကကြိုမပြောတော့ အဲ့ကောင် တော်တော်ဒုက္ခရောက်သွားလောက်တယ်"
"အင်း မရရင်လည်း မယူတာမဟုတ်ဘူး ရှင်ကလည်း"
"အဟွန်း မဒီကလည်း အဲ့အခန်းကို check out ထွက်မဲ့သူတွေက ၁၂ နာရီထွက်မှာတဲ့.... ကိုယ်တို့အတွက် ကွက်တိဖြစ်သွားတာပေါ့"
YOU ARE READING
When Love Lasts (OC)
Romance"မနက်မိုးလင်းလို့ မျက်လုံးနှစ်လုံးပွင့်လာတဲ့အခါ ကိုယ်အတွေးထဲရောက်လာတတ်သူက မဒီကလွဲပြီးဘယ်သူမှမရှိဘူး" "မဒီ ရှင်နဲ့အတူတူရှိနေရတာကို သဘောကျပါတယ်" Bar တစ်ခုမှာတွေ့ဆုံခဲ့ကြပြီး အမှားတစ်ခုကို အတူတူကျူးးလွန်ခဲ့ကြရာကနေ သူတို့နှစ်ယောက်ရဲ့ တွေ့ဆုံမှုဟာစတင်ခဲ့...