အပိုင်း(၁၄၀)
ကောင်းကင်က အပြည့်အဝ မဲမှောင်သွားပြီ ဖြစ်သည်။ အဆောက်အဦးတစ်ခုလုံးက အမှောင်ထဲသို့ ရောက်နေသည်။
ကုဝူကျိနှင့် လောင်ထန်းတို့က ဆီမီးအိမ်များ ကိုင်လျက် အမှောင်ထဲတွင် လမ်းလျှောက်နေကြသည်။ ထိုနေရာက အလွန်အမင်း တိတ်ဆိတ်လွန်းနေပြီး သူတို့၏ ဖျော့တော့သော ခြေလှမ်းသံကိုလည်း ကြားနေရသည်။
"မင်းရဲ့ အသံကို လျော့ထား။ အသံက အခြားသရဲတွေကို ဆွဲဆောင်မိလိမ့်မယ်"
လောင်ထန်းက ကုဝူကျိကို သတိပေးသည်။
"နောက်ပိုင်း သရဲတွေ ပေါ်လာတဲ့အခါ မင်းသူတို့ကို ဘာမှမလုပ်ရင် အကောင်းဆုံးပဲ"
"အင်း"
ကုဝူကျိက ခေါင်းညိတ်သည်။ ထို့နောက် ဘေးဘီကို လှမ်းကြည့်၏။ ဒီလမ်းက မနေ့က သူလျှောက်ခဲ့သော လျှောက်လမ်းဖြစ်ကြောင်း သိလိုက်ရသည်။ တစ်ဖက်သူက ယခုလို ဝင်္ကပါလို နေရာမျိုးတွင် ပန်းချီကားချပ်ကို ရှာနိုင်ရန်အတွက် အမှတ်အသားပြုခဲ့ခြင်း ဖြစ်လောက်သည်။
သို့သော် မည်သူကမှ အသံမထုတ်သည့်တိုင်အောင် သရဲပေါင်းများစွာက တိတ်တဆိတ် ဝိုင်းလာသေးသည်။
အမှောင်ထဲမှ သရဲများ အရေအတွက်က ဖိအားများစေလောက်အောင် များပြားသည်။ မရေမတွက်နိုင်သော သရဲပေါင်းများစွာက စိုက်ကြည့်ခံနေရသည်။ လောင်ထန်း၏ နဖူးက ချွေးစေးများ ပျံလာသည်။ သူအနေဖြင့် ဒီနေရာကို မဖြတ်ရဲလောက်သည့် ဖြစ်နေသည့်တိုင်အောင် ဒီနေရာကို ထိုမျှများပြားသည့် သရဲပေါင်းများစွာကို မြင်တွေ့နိုင်ခြင်းအား ကျင့်သားမရသေးချေ။ လက်ထဲတွင် ကိုင်ထားသော ဆီမီးအိမ်သာ မရှိလျှင် သူကဒီနေရာသို့ ချဉ်းကပ်ရဲမည် မဟုတ်ပေ။ ရလဒ်က မျှောင်လင့်ထားရန်ပင် ခက်ခဲလွန်းသည်။
ကုဝူကျိက အံ့ဩသွားသည်။
သူက မနေ့က သရဲတွေအများကြီးနဲ့ မတွေ့ခဲ့တဲ့ပုံပဲ။ သို့ရာတွင် သူကိုယ်တိုင်ကလည်း ထိုသရဲများကို သန့်စင်ပေးလိုသည့် ကိစ္စကောင်းကို လုပ်ချင်နေသည်။ သို့သော် သူ၏ဘေးနားတွင် ကစားသမားတစ်ယောက် ရှိနေကြောင်း သိလိုက်သဖြင့် သူ၏ကြမ်းတမ်းရက်စက်သော စရိုက်အရ ထိုသို့လုပ်၍ မဖြစ်သေးချေ။
YOU ARE READING
နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်
Horrorဘာသာပြန်သူ - Swae Nyoe Team, ဆုမြတ်လှိုင်