Arc 3.5

3.9K 417 28
                                    

<Unicode>

"တောင်းပန်ပါတယ် ကျွန်တော် လိမ္မာပါမယ့်"

နီယိုက သူပြောနေသော်လည်း တစ်ဖက်လူက သူ့အား စိမ်းစိမ်းကားကားကြည့်ကာ လူတွေကြားထဲ ချန်ထားရစ်ခဲ့သည်ကို သတိပြုမိလေသည်။

ဖြတ်သန်းသွားလာနေသည့် လူများကိုကြည့်ရင်း ဘယ်သွားရမှန်းမသိသည့်အချိန် လည်ပတ်နေသည့် ချားရဟတ်ကြီး၏ အလည်ကိုကြည့်ရင်း နီယို အော်ဟစ်ကာ အိမ်မက််မှ နိုးထလာခဲ့သည်။

တုန်လှုပ်မှု့အပြည့်ဖြင့် အသက်တောင် ကောင်းကောင်းမရှုနိုင်စဥ် သူ့အား တင်းကြပ်စွာ ဖက်တွယ်လာသော သူ၏ အထိအတွေ့မှာ နီယိုက စိတ်သက်သာရာ ရသွားသလို သက်ပြင်းချလိုက််လေသည်။

ထို့နောက််သူက အိပ်ပျော်နေသော
ဒေးဗစ်၏ ပါးပြင်အား ခပ်ဖွဖွထိတွေ့ရင်း မနေ့က ဖြစ်ရပ်ကို ပြန်လည်သတိရသွားခဲ့သည်။

Flashback......

"ဒေး...ဒေးဗစ်!!"

တည်ငြိမ်သော ခြေလှမ်းများဖြင့် အနားသို့ လျှောက်လှမ်းလာသည့် ဒေးဗစ်ကိုကြည့်ရင်း နီယို အယောင်ယောင်အမှားမှားဖြင့် အနောက်သို့ ဆုတ်မိသွားလေသည်။

ဒေးဗစ်က သူ့ကို စွန့်ခွာတော့မှာလား။

ထပ်ပြီးတော့......ထပ်ပြီးတော့ သူ့ဘဝက တစ်ယောက်တည်း ကျန်နေခဲ့ရအုံးမှာလား။

စိတ်အခက််မသင့်လျှင် မသင့်သလို စိတ်အခြေအနေအတိုင်း လူတွေအပေါ် ပြုမူတတ်သည့် နီယိုက ဒီတစ်ခေါက််မှာတော့ သူနှင့် မတူအောင် လွန်စွာ တုန်လှုပ် ခြောက်ခြားနေလေသည်။

"နီယို"

"ကျွန်.....ကျွန်တော်...ဟို"

သူ့အားရက်စက်သော စကားများပြောကာ အနားမှ စွန်ခွာသွားလိမ့်မည် သူလည်းထပ်မံစွန့်ပစ်ခံရလိမ့်မည်ဟု ထင်လိုက််သော်လည်း သူ၏အတွေးများဖြင့် ကွဲပြားစွာ တစ်ဖက်လူက နီယို၏ လက်ဖဝါးများအား နူးညံ့စွာဆုပ်ကိုက်လာရင်း သူ့နာမည်ကို ခေါ်ဆိုလာလေသည်။

ထို့နောက််မှာတော့ သွေးအနည်းငယ် ပေစွန်းနေသော သူ၏လက်ဖဝါးအားတစ်ချက်ကြည့်ကာ လက််ကိုင်ပဝါဖြင့် သိမ်မွေ့စွာ ဖယ်ရှားပေးလေသည်။

My man is the Final BossWhere stories live. Discover now