<Unicode>
"ဝင်လေ"
မော့လွီဟမ်းက လက်ရှိအဖြစ်အပျက်ကို မယုံနိုင်ဖြစ်နေတယ်။
Daddyက သူ့ကိုကျောင်းလိုက်ပို့မယ်တဲ့။
သူငယ်ငယ်တည်းကစလို ကြီးတဲ့အထိ တစ်ခါမှကျောင်းလိုက််မပို့ဖူးတဲ့ Daddyကလေ။
"ဟို...ကျွန်တော်.."
"ကိုယ် နှစ်ခါပြောရတာမကြိုက်ဘူး"
Daddyရဲ့စကားတစ်ခွန်းမှာ မော့လွီဟမ်းက ယုံတာတွေမယုံတာတွေအသာထား လှစ်ခနဲ အနောက်ခန်းမှာဝင်ထိုင်လိုက်ပြီဖြစ်သည်။
"မောင်းတော့"
မော့ကျန်း၏စကားဆုံးသွားသည်နှင့် စီတန်းထားသော ကားများဟာ မော့အိမ်တော်မှထွက်ခွာလာတော့သည်။
မော့လွီဟမ်းက ဘေးမှာထိုင်နေရင်း အပြင်ကိုကြည့်သလိုဖြင့် Daddy၏မျက်နှာကို တစ်ချက်တစ်ချက် ခိုးခိုးကြည့်လေသည်။
သို့သော် သူခိုးကြည့်တာက မပီပြင်တော့ မော့ကျန်းအပါအဝင် ရှေ့ခန်းက အတွင်းရေးမှူးတို့ကပါ သတိထားမိနေလေသည်။
အတွင်းရေးမှူးက ဥက္ကဋ္ဌအား scheduleတွေအကြောင်းနဲ့ စီမံကိန်းအသစ်အကြောင်း ရှင်းပြနေသော်လည်း သခင်လေး၏ခိုးကြည့်နေသည့် အဖြစ်အပျက်ကို သိ၍ ဥက္ကဋ္ဌ၏မျက်နှာအားလှမ်းကြည့်တော့ ဥက္ကဋ္ဌ၏ နှုတ်ခမ်းတို့က အနည်းငယ်ပြုံးယောင်သန်းနေလေသည်။
သူမျက်လုံးများမှမြင်သလားထင်မိတာတာကြောင့် သေချာထပ်ကြည့်တော့ ပြုံးနေတဲ့ ဥက္ကဋ္ဌက သူ့အားစိုက်ကြည်လာသည်။
သတိပေးခြင်းခံလိုက်ရသည့် အတွင်းရေးမှူးက တံတွေးတစ်ချက််မျိုချရင်း အရှေ့ဘက်သို့ ပြန်လှည့်လိုက်ရသည်။
ထိုချိန်မှာပဲ ကားရှေ့သို့ ပြေးဝင်လာသည့် တစ်စုံတစ်ယောက်ကြောင့် ကားdriverကလန့်ကာ ဘရိတ်အုပ်ချလိုက်လေသည်။
မော့ကျန်းက ရုတ်တရတ် ဘရိတ်အုပ်လိုက်ခြင်းကြောင့် နံဘေးက ကောင်လေးထိခိုက်ဒဏ်ရာရမည်ကို စိုးရိမ်၍ ထိုကောင်လေးအားဆွဲဖက်ကာ ရင်ခွင်ထဲထည့်ထားလိုက်သည်။
KAMU SEDANG MEMBACA
My man is the Final Boss
AcakMain Godရဲ့ အားထားရာဖြစ်တဲ့ မော့ကျန်းဟာ systemကမ္ဘာရဲ့ ထိပ်တန်းhostတစ်ယောက်ဖြစ်တယ်။ ရက်စက်ပြီး ဘယ်သူကိုမှဂရုမစိုက်တဲ့ မော့ကျန်းတစ်ယောက် တာဝန်တွေထမ်းဆောင်နေရင်း ဖူလင်းဆိုတဲ့ ကောင်လေးကိုချစ်မိသွားခဲ့တယ်။ ဒါပေမဲ့ သူတို့ချစ်မိသွားချိန်မှာပဲ ဇာတ်လိုက််မ...