Arc 4.11

2.7K 309 16
                                    

<Unicode>

"ထျန်ကျွင်း နတ်ဆိုးများအရှင်က ရှန်းတိတစ်မျိုးနွယ်လုံးကို ဖမ်းဆီးထားပါတယ်"

ခန်းမဆောင်ထဲကို ဒဏ်ရာအပြင်းအထန်နဲ့ ဝင်ရောက်လာသော လေနတ်မင်း၏ စကားကြောင့် ခန်းမဆောင်တစ်ခုလုံး ဆူညံသွားရလေသည်။

ကောင်းကင်ဧကရာဇ် ထျန်ကျွင်းက ယင်းစကားကြောင့် ပုလ္လင်ပေါ်ကနေ အလျှင်အမြန် ထရပ်လိုက််မိတော့သည်။

"အဲတာ အမှန်ပဲလား"

"အမှန်ပါပဲ ထျန်းကျွင်း ၊ အခု့ ....အခု နတ်ဆိုးများအရှင်က သူရဲ့နတ်ဆိုးစစ်သည်တွေနဲ့ ...သုံး.....သုံးလောကကို တိုက်ခိုက်ဖို့ ပြင်ဆင်နေပါပြီ"

လေနတ်မင်းက ပြောပြီးသည်နှင့် လဲကျသွားသည့်အခါ ကောင်းကင်ဧကရာဇ်က လေနတ်မင်းကို စောင့်ရှောက်ဖို့မှာကြားရင်း
နတ်ဆိုးများအရှင်က သုံးလောကကို တိုက်ခိုက််မည်ဆိုသည့် အကြောင်းကို ကြားသည်နှင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားသော နတ်များကို တားဆီးရသည်။

သူတစ်ကယ်ပင် စစ်ဆေးကြည့်သောအခါ နတ်ဆိုးများအရှင်ပိုင်ဆိုင်သော မိုးကြိုးနဂါး လီဖုန်းသည် ရှန်းတိ၏ ကောင်းကင်မှာပျံဝဲနေပြီး ရှန်းတိတွင်လည်း နတ်ဆိုးစစ်သည်များနှင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။

တကယ်ပင် အစစ်အမှန်ဖြစ်နေသည်မို့ သူဟာ သက်ပြင်းချလိုက်ရင်း စတင်လာတော့မည့် စစ်ပွဲကို မည်သို့ တားဆီးရမလည်းဟု စဥ်းစားရတော့သည်။

နတ်ဆိုးများအရှင် လွှတ်မြောက်သွားသည်နှင့် သုံးလောကကို တိုက်ခိုက်တော့မည်ဟု ထင်ထားသည့်အတိုင်း တကယ်ပင် တိုက်ခိုက်လာသော နတ်ဆိုးများအရှင်ကြောင့် သုံးလောက မပျက်ဆီးအောင် ကောင်းကင်ဧကရာဇ် ထျန်းကျွင်တစ်ယောက် တွေးတောရတော့သည်။

တိတ်ဆိတ်နေသော ကောင်းကင်ဧကရာဇ်ကိုကြည့်ရင်း နတ်မင်းများကလည်း ကြောက်လန့်နေကြရတော့သည်။

သူတို့သည် နတ်ဆိုးများအရှင်ကို ချုပ်နှောင်သည့်နေရာမှာ အဓိက ပါဝင်ခဲ့ကြသူများဖြစ်တာမို့ နတ်ဆိုးများအရှင်က အလွတ်ပေးလိမ့်မယ် မဟုတ်ပါ။

My man is the Final BossTempat cerita menjadi hidup. Temukan sekarang