Arc 4.2

3.8K 414 16
                                    

<Unicode>

မွှေးပျံ့သော အသားကင်အနံ့က လန်ပိုင်ဟွား ၏ နှာခေါင်းနားပျံ့လွင့်လာလေသည်။

မွှေးလိုက်တာ အရမ်းမွှေးတာပဲ။

ပန်းနုရောင် လျှာဖျားလေးကို သပ်လိုက်ရင်း လန်ပိုင်ဟွားက မျက်လုံးများကို ဖွင့်မိလိုက်သည်။

သူ အသားမစားရတာ ဘယ်လောက််ရှိပြီလည်း။

သူ၏ ဗီဇက မြေခွေးတစ်ကောင်ဆိုပေမဲ့ သူက ဆက်ခံသူ နတ်မြေခွေးဖြစ်တာမို့ ရိုင်းစိုင်းစွာ ပြုမူလို့မရဘူး။

ထို့ပြင် အဖေနဲ့အမေက နတ်မြေခွေးတွေ၏ အပြုအမူတွေကို သင်ကြားပေးထားတာမို့ သူက ထိုသင်ကြားမှု့တွေအတိုင်းပဲ နေထိုင်ခဲ့ရတာ။

ရံဖန်ရံခါ ကစားရင်း သားကောင်ဖမ်းဆီးတာမျိုးရှိတတ်ပေမဲ့ သူကတော့ အစားအစာဆို ချက်ပြုတ်ပြီးသားပဲ စားတတ်တဲ့ မြေခွေးလေးတစ်ကောင်ပါ။

ထို့ပြင် ငယ်ရွယ်စဥ်ကတည်းက သင်ကြားပေးခံထားရတာမို့ သူကိုယ်တိုင်လည်း သားကောင်တွေကို အစိမ်းသက်သက် စားသောက်တာမျိုး မပြုလုပ်ချင်ပါ။

ဒီသွေးလမင်းဗိမာန်ထဲကို ရောက်လာပြီးကတည်းက အသီးအနှံတွေပဲ သူစားသောက်ခဲ့ရတာ။

သားကောင်မိရင်တောင် တိရစ္ဆာန် အသွင်ပြောင်းနေတဲ့ သူ့အတွက် ဟင်းချက်ဖို့အတွက် မဖြစ်နိုင်သလို သူကိုယ်တိုင်လည်း မချက်ပြုတ်တတ်ဘူး။

ပြီးတော့ ဟို ချိတ်ပိတ်နန်းဆောင်ထဲက ဆိုးသွမ်းတဲ့လူဆိုးကြီးကလည်း မသေမျိုးဆိုတော့ စားသောက်စရာမလိုဘူးလေ။

ပြောပြရရင်တော့ သူကလည်း မသေမျိုးပါဘဲ ဒါပေမဲ့ နှစ်သုံးထောင်မြေခွေးလေးသူက မကျင့်ကြံပဲနဲ့တော့ နေနိုင်တယ် မစားသောက်ပဲနဲ့တော့ မနေနိုင်ဘူးလေ။

ဒါပေမဲ့ အခု့တော့ ကံတရားက သူ့ဘက််ကိုပါတယ်ထင်တယ် တစ်ယောက်ယောက်က ချက်ပြုတ်နေတယ်။

လန်ပိုင်ဟွားက အနံ့ရရှိရာ လမ်းကြောင်းအတိုင်း အနံ့ခံရင်း လျောက်လာခဲ့သည်။

My man is the Final BossOù les histoires vivent. Découvrez maintenant