Arc 2.2

6K 510 14
                                    

<Unicode>
"အင်း..."

ကုတင်ပေါ်မှ ပုံရိပ်ကလေးက လှုပ်လှုပ်ရှားရှားဖြစ်လာသည်နှင့် ထမင်းစားပွဲပြင်နေသော အစေခံများအား မော့ကျန်းက ထွက်ခွာသွားခိုင်းလိုက်သည်။

ထိုချိန် ဖန်းဟွာက မူးဝေနေသောခေါင်းအားဖိကိုင်ရင်း ထထိုင်လိုက််မိသည်။

"အ့!"

ခြေဆင်းထိုင်လိုက်တယ်ဆိုရင်ပဲ စူးခနဲအောင့်တက်လာသည့် နာကျင်မှု့ကြောင့် မျက်နှာရှုံ့မိလိုက်သည်။

ထိုချိန်မှာပဲ ပခုံးထက််မှလျော့ကျလာသော ဝတ်ရုံကြောင့် ငုံ့ကြည့်မိရင်း တစ်ခုခုမှားယွင်နေသည်ကို သတိထားမိလိုက်သည်။

ဒါလောက်ကြီးတဲ့ဝတ်စုံက သူဝတ်စုံမဟုတ်ဘူး။

ဝတ်စုံအကြောင်း စဥ်းစားနေရင်းမှ ညကအဖြစ်အပျက်တွေအား တဖြေးဖြေး ပြန်အမှတ်ရမိလာချိန်မှာတော့ ထအော်မတက်ဖြစ်သွားရသည်။

သူညီမတော် ပေးပို့လာသော သေရည်အားမြည်းစမ်းကြည့်ပြီးနောက် မူးဝေလာတာကြောင့် ဘယ်မှဆက််မသွားနိုင်တော့ပဲ ဧကရာဇ် အိပ်ဆောင်ကိုသာပြန်လာခဲ့တာဖြစ်သည်။

အဲလိုကနေ စစ်ကျွင်းအကြောင်း အိပ်မက််မက််နေခဲ့တာဖြစ်ပြီး အိမ်မက််ထဲမှာ စစ်ကျွင်းက သူ့နှင့်အရင်းနှီးဆုံးထိတွေ့နေသည့်အပြင် သူ့ကိုလည်းချစ်တယ်ဟုပြောခဲ့လေသည်။

သို့သော် အခုလက်ရှိ သူ့ခန္တာကိုယ်မှ နာကျင်မှု့တွေရယ် အခြားသောအရာတွေအားပေါင်းစည်းလိုက််မည်ဆိုလျှင် ညက သူအိမ်မက််မက််ခဲ့တာမဟုတ်ဘူးဆိုတာ အသေအချာပင်ဖြစ်လောက်သည်။

ဒါ....ဒါဆို ညက သူ စစ်ကျွင်းနဲ့......။

အဲတာဆို စစ်ကျွင်းက သူ့ကိုချစ်တယ်လို့ပြောခဲ့တာကလည်း အမှန်ပဲပေါ့။

ထိုသို့ တစ်ယောက်တည်း အတွေးလွန်နေသည့် ဖန်းဟွာဟာ သူ့အနားသို့ တစ်စုံတစ်ယောက် လျောက်လှမ်းလာနေသည်ကိုပင် သတိမထားမိချေ။

မော့ကျန်းက အတွေးလွန်ကာ သူလာနေတာကိုတောင် မမြင်သည့် ကောင်လေးအား ပွေ့ချီကာ ပေါင်ပေါ်တင်ပြီးသိုင်းဖက်ထားလိုက်သည်။

My man is the Final BossOnde histórias criam vida. Descubra agora