<Unicode>
"သခင်လေးဖြစ်ပါ့မလားဟင် မင်းသမီးက..."
အပျော်မယ်၏ခါးအားတင်းကြပ်စွာ ဖက်တွယ်ရင်း သေရည်ရစ်မူးနေသည့် စွမ်းသခင်လေးက ဟက်ခနဲရယ်သည်။
ထို့နောက်....
"ဘာမှဂရုစိုက်နေစရာမလိုဘူး သူမစိတ်ထဲမှာ ငါစွမ်းသခင်လေးအကြောင်းကို တွေးဖို့စိတ်ကူးတောင်ရှိမှာမဟုတ်ဘူး"
"ဒါပေမဲ့လည်း သခင်လေးရယ်"
"တော်ပြီ သူမအကြောင်းပြောတာရပ်လိုက်တော့ အဲအစားပျော်ပျော်ပါးပါးပဲနေကြရအောင်"
"ခစ်ခစ် သခင်လေးကတော့လေ..."
ပျော်ရွင်စွာရယ်မောရင်း လောကကြီးအကြောင်းအားမေ့လျော့နေသည့် စွမ်းသခင်လေးဟာ အပျော်အပါးခုံမင်သူတစ်ဦးပင်ဖြစ်လေသည်။
လိန်ယင်းရင်က သူမ၏ အသုံးမကျသော ခင်ပွန်းသည်အကြောင်းကို ကြားသိသောအခါ မျက်စိရှေ့ကလက်ဖက်ရည်ကြမ်း းပန်းကန်များကို ဖျက်ဆီးပစ်လိုက်လေသည်။
အမှားတစ်ခုကြောင့် ဒီလက်ထပ်ပွဲကဖြစ်မြောက်ခဲ့သလို ထိုကဲ့သို့ အသုံးမကျပဲ အပျော်အပါးလိုက်စားသည့် လူကိုလည်း လင်ခင်ပွန်းအဖြစ်သူမ လက်ခံထားရလေသည်။
တိတ်တခိုးချစ်ရသူ၏ ခြေမှုန့်လေးတောင်မမှီနိုင်သည့် လူ့အမှိုက်အကြောင်းတွေးမိလေ သူမရင်နာနာဖြင့် နှုတ်ခမ်းတို့အားဖိကိုက််မိတော့သည်။
ထိုပြင် လက်ထပ်ပြီးကတည်းက အကိုတော်က သူမ၏နန်းတော်သို့ဝင်ရောက်ခွင့်အား တားဆီးပိတ်ပင်လိုက်လေသည်။
ထိုကိစ္စကြောင့် နန်းတော်မှဖြစ်ပျက်နေသော အကြောင်းအရာများကို သူမ လုံးဝမသိရသည့်အပြင် အစ်ကိုတော်နှင့်အစ်ကိုစစ်ကျွင်းတို့၏ အကြောင်းအရာများကိုလည်း စိုးစဉ်းမျှမသိရှိရပါ။
ဒီအတွက်ကြောင့် သူမ၏ဒေါသတို့ကပို၍ပင် ထိန်းချုပ်မရဖြစ်နေလေသည်။
အစေခံများကလည်း သခင်ဖြစ်သူ၏စိတ်အခြေအနေအကြောင်းကို သတိထားမိသောကြောင့် မတော်တဆ အမှားပြုလုပ်မိပါလျှင် သူမတို့ထံ မီးစလွင့်ပါးလာမည်ကို စိုးရိမ်၍ ခပ်ဝေးဝေးမှာသာ ရပ်တန့်နေကြလေသည်။
أنت تقرأ
My man is the Final Boss
عشوائيMain Godရဲ့ အားထားရာဖြစ်တဲ့ မော့ကျန်းဟာ systemကမ္ဘာရဲ့ ထိပ်တန်းhostတစ်ယောက်ဖြစ်တယ်။ ရက်စက်ပြီး ဘယ်သူကိုမှဂရုမစိုက်တဲ့ မော့ကျန်းတစ်ယောက် တာဝန်တွေထမ်းဆောင်နေရင်း ဖူလင်းဆိုတဲ့ ကောင်လေးကိုချစ်မိသွားခဲ့တယ်။ ဒါပေမဲ့ သူတို့ချစ်မိသွားချိန်မှာပဲ ဇာတ်လိုက််မ...