Arc 1.9

6K 527 26
                                    

<Unicode>
"ယင်းစန်သွမ်း ဖယ်စမ်း!!"

"ကိုယ်မဖယ်နိုင်ဘူး ကိုယ်မင်းကို သဘောကျတယ်လို့ ပြောထားခဲ့တယ် ဒါပေမဲ့ မင်းက ကိုယ့်ကိုမသိချင်ယောင်ဆောင်နေတယ်"

"ဒါဆို အဲတုန်းကငါပြောခဲ့ဖူးတာကို နားမလည်လိုက်ဘူးလား ငါ့မှာချစ်သူရှိတယ်ဆိုတာ"

"အဟက်! မင်းမှာချစ်သူရှိယုံပဲရှိတာ ဒါပေမဲ့ မင်းကလူပျိုပဲလေ ဒီတော့ကိုယ့်မှာအခွင့်အရေးရှိသေးတယ်"

မော့လွီဟမ်းက သူဘယ်လောက် မောင်းထုတ်ထုတ် မျက်နှာပြောင်လွန်းလှသည့် လူအားတကယ်အမြင်ကတ်နေပြီဖြစ်သည်။

ဒီလူသူ့ကိုလိုက်နှောက်ယှက်နေတာ
တစ်လလောက်ရှိပြီ ။

ချစ်သူရှိပါတယ်ဆိုတာတောင် စိတ်ပျက်စရာကောင်းလောက်အောင် လိုက်ကပ်တွယ်နေသည့် လူအကြောင်းအား Daddyကိုပြောချင်ပေမဲ့ Daddyသူ့အားစိတ်ဆိုးသွားမှာကိုလည်း ကြောက်ရသေးသည်။

အမှန်တော့ ဒီလူသူ့ကိုလိုက်နှောက်ယှက်နေတဲ့အကြောင်း Daddyကိုအစကတည်းကပြောပြခဲ့ရမှာ။

ဒါပေမဲ့ လွန်ခဲ့တဲ့တစ်လက ဖြစ်ပျက်သွားတဲ့ကျောင်းကိစ္စတွေရယ်၊ Daddyနှင့်ချစ်သူတွေဖြစ်သွားသည့် အချိန်ကြတော့လည်း Daddyနဲ့အတူရှိနေတော့ ပြောချင်တာတွေကိုမေ့သွားမိတာရယ် ၊ ကိစ္စအမျိုးမျိုးရောထွေးသွားတော့ သူလည်းသတိမထားမိလိုက်တာဖြစ်သည်။

"ယင်းသခင်လေးမှာ အခွင့်အရေးရှိမှန်း ကိုယ်ဘာကြောင့်မသိရတာပါလိမ့်"

"ဥက္ကဋ္ဌမော့"

"Daddy"

"ကိုယ့်အနားလာ"

ဥက္ကဋ္ဌမော့ရောက်လာသည့်အခါမှာတော့  ယင်းစန်သွမ်းတစ်ယောက် မော့လွီဟမ်းအရှေ့မှ မဖယ်ပေးချင်ပဲဖယ်ပေးလိုက်ရတော့သည်။

"ဒါနဲ့စောနက ယင်းသခင်လေးက အိမ်ကကေလးရဲ့လမ်းကိုပိတ်ပြီး ဘာအကြောင်းများပြောနေတာပါလိမ့်"

ဥက္ကဋ္ဌမော့ဆိုတာ သူသွားယှဥ်လို့မရနိုင်သည့် လူတစ်ဦးဖြစ်တာကြောင့် ယင်းစန်သွမ်းက အစောပိုင်း မော့လွီဟမ်းအပေါ် ပြုမူခဲ့သည့် သူ၏အပြု့အမူများကို စိုးရိမ်သွားမိသည်။

My man is the Final BossDonde viven las historias. Descúbrelo ahora