Arc 2.10end

5K 464 11
                                    

<Unicode>
"Host ချစ်သူက ကိုယ်ဝန်ရှိနေတာ အမှန်ပါပဲ"

85ထံမှ ထပ်တူညီသည့် စကားထွက်ပေါ်လာသည့်နှင့် တစ်ပြိုင်နက် မော့ကျန်းက ထိတ်လန့်အံြသနေသည့် ဧကရာဇ်ငယ်လေး၏ လက်ဖဝါးအား သူ၏ရင်ခွင်ထဲသို့ ပြန်လည်ဆွဲယူလိုက်ရင်း အထိန်းတော်ကြီးအား တစ်ချက်ကြည့်လေသည်။

မောကျန်း၏ အချက်ပြမှု့ကို ချက်ချင်းသတိထားမိသော အထိန်းတော်ကြီးကအလိုက်တသိပင် ရွှေတုံးများအရံသင့်ထည့်ထားသော အိတ်အား သမားတော်ကြီးလက်ထဲ ထည့်ပေးလာလေသည်။

သမားတော်က သူ၏လက်ဖဝါးထက််မှ လေးလံလှသောအိတ်ကို ဝေဝါးစွာကြည့်ရင်း အရှင်စစ်ကျွင်းအား နားလည်ရခက်စွာ ငေးကြည့်မိလေသည်။

"အရှင်စစ်ကျွင်း ဒါက"

သမားတော်၏ ဝေဝါးနေသော အကြည့်အား မော့ကျန်းက တင်းမာသောအသံဖြင့် စကားဆိုလာလေသည်။

"အရှင်မင်းကြီးမှာ ဘာကိုယ်ဝန်မှမရှိဘူး ၊ ပြီး‌ေတာ့ ဒီနေ့ ဒီနေရာကို ရောက်လာရတဲ့အကြောင်းအရင်းက အရှင်မင်းကြီး အအေးမိလို့ သမားတော်တစ်ယောက်အနေနဲ့ လာစစ်ဆေးပေးယုံပဲ ကိုယ်‌ေတာ်ပြောတာ မရှင်းတာရှိလား"

အရှင်စစ်ကျွင်း၏ စကားအဆုံး၌ သမားတော်ကြီးက ဒူးထောက်ကာ ဦးတိုက်လိုက်ရင်း....

"ကျွန်တော်မျိုးက အရှင်မင်းကြီး အအေးမိလို့ လာစစ်ဆေးပေးယုံပါပဲ အရှင်၊ အခြားဘာကိစ္စမှမရှိရပါဘူး"

သမားတော်က သူထိုသို့ပြောပြီးမှ အရှင်စစ်ကျွင်း၏ တင်းမာနေသော မျက်နှာလျော့ကျသွားပုံကို သတိထားမိလေသည်။

သူဘယ်လိုလုပ် အရှင်စစ်ကျွင်းပြောတာကို နားမလည်ဘဲနေမလည်း။

နန်းတွင်းသမားတော်ကြီးဖြစ်သည့် သူ့အတွက်တော့ အရှင်သခင်တွေ၏ ထီးနန်းပြဿနာများနှင့် ထီးနန်းအရှုပ်တော်ပုံတွေကို မစဥ်းစားဘဲနှင့်တောင် အလိုလိုသိရှိနိုင်သည် မဟုတ်ပါလား။

အခုလည်း နန်းသွေးမွေးဖွားမလာမချင်း အရှင်မင်းကြီး အပေါ်ကျရောက်လာမည့်
အန္တာရယ်များကြောင့် မည်သူကိုမျှ မသိစေရန် ဖုန်းကွယ်လိုသည့် အရှင်စစ်ကျွင်း၏ သဘောကို အသေအချာကိုသိရှိသွားလေသည်။

My man is the Final BossOnde histórias criam vida. Descubra agora