Arc 1.6

5.8K 580 9
                                    

<Unicode>
"ဝုန်း!"

အစည်းအဝေးခန်းတံခါးအား ဝုန်းခနဲဆွဲဖွင့်သံကြောင့် မော့ကျန်းအပါအဝင် အခြားသောရှယ်ယာရှင်များကပါ လှည့်ကြည့်လာလေသည်။

မော့ကျန်းက အတွင်းရေးမှူးကို သတိပေးသည့်အကြည့်ဖြင့် ကြည့်နေစဥ် 85၏ခေါ်သံကြားလိုက်ရသည်။

(Host ဗီလိန်မော့လွီဟမ်း ပြဿနာတတ်နေပြီ)

(ဘာ)

မော့ကျန်းက systemစကားကိုမရှင်းလို့ သေချာနားထောင်နေစဥ်
အတွင်းရေးမှူးက အခြားသူများ၏အကြည့်တွေကို ဂရုစိုက််မနေနိုင်တော့ပဲ မော့ကျန်းရှိရာကိုအရင်သွားကာ.....

"ဥက္ကဋ္ဌ ဒါကိုကြည့်ဖို့လိုအပ်မယ်ထင်ပါတယ်"

မော့ကျန်းက systemနှင့်စကားပြောနေစဥ် အတွင်းရေးမှူးပြသည့် ph screenကိုလှမ်းကြည်မိသည်။

*ခမ်ရွမ်းကျောင်းက ဆိုးသွမ်းတဲ့ မဒိန်းကောင်*
ဟုသော ခေါင်းစဥ်ဖြင့် weiboပေါ်မှာတင်ထားသော သတင်းတစ်ပုဒ္ဖြစ်သည်။

မျက်နှာကိုဝါးထားသော်လည်း ကျောင်းဝတ်စုံနှင့် အရပ်အနေအထားအရ လွီဟမ်းမှန်း သိသာစေသည့်ပုံဖြစ်သည်။

နာမည်ကိုစကားဝှက်တွေနှင့် Aဟုသာရေးထားပေမဲ့ အကုန်လုံးကိုဖတ်ကြည့်ပြီးချိန်တော့ မော့ကျန်းက လက်သီးကိုတင်းခနဲဆုပ်ပြီး စားပွဲရှည်ကြီးအား ထုရိုက်ပစ်လိုက်သည်။

"ဘယ်သူက အဲလောက်တောင် အတင့်ရဲ ရတာလည်း!!"

မော့ကျန်းက ဒေါသထွက်နေစဥ် သူကျောင်း၌လွှတ်ထားသော လူယုံများက ကျောင်းကကိစ္စများကို ဖုန်းဖြင့်ဆက်သွယ်ကာ ပြောပြလာတာကြောင့် မော့ကျန်းတစ်ယောက် ချက်ချင်းထထွက်လာခဲ့သည်။

ထိုပြင် သူက ကျောင်းသို့လာနေစဥ် လမ်းတစ်လျောက်၌ postတင်ထားသော weiboမှaccကို မှတ်တမ်းတင်ခိုင်းပြီး ၊ နောက်ကွယ်ကလူကိုစုံစမ်းခိုင်းကာ  သူ၏ရှေ့နေ့အဖွဲျ့များကို ဆက်သွယ်ပြီး  ကျောင်းသို့လိုက်လာစေသည်။

ထိုချိန် တစ်ဖက်ကျောင်း၌လည်း လွီဟမ်းက လူများစွာ၏ ရွံံရှာသော အကြည့်များကို ခံစားနေရာတာကြောင့် လက်သီးကို တင်းတင်းဆုပ်ကာ အံကြိတ်ပြီး နောက်တစ်ခေါက်ထပ်ပြောလေသည်။

My man is the Final BossOù les histoires vivent. Découvrez maintenant