<Unicode>
"နေရာကခဏဖယ်ပေးပါ"
"ဒါက... အရှင့်သားက...."
အခက်တွေ့သွားသော သက်တော်စောင့်က ကြင်ယာတော်၏စကားကို နားထောင်ရန် ခက်ခဲနေပုံရသည်။
"ခဏပါပဲ မက်သယူးမသိစေရဘူး"
ဘာပဲဖြစ်ဖြစ် သူအရှေ့ကလူက အိမ်ရှေ့စံမင်းသားရဲ့ ကြင်ယာတော်မဟုတ်လား ။
ဒါ့ကြောင့် အစောင့်က ထပ်ပြီးမေးခွန်းမထုတ်တော့ဘဲ ထိုနေရာမှ ထွက်ခွာပေးသွားလေသည်။
လူးကပ်စ်က သက်တော်စောင့် ထွက်သွားသည်ကို မြင်သည်နှင့် အကျဥ်းထောင်ထဲကို ခြေလှမ်းလိုက်လေသည်။
တိတ်ဆိတ်နေသည့် အကျဥ်းထောင်မှာ ပီတာက ခြေသံတစ်ချို့ကိုကြားလိုက်ရတော့ ခေါင်းထောင်လာလေသည်။
သူက အရှင့်သားဆီမှာ အဖမ်းခံရပြီးကတည်းက သူ၏ systemနှင့် အဆက်အသွယ် ပြတ်တောက်နေခဲ့တာဖြစ်သည်။
ဒါ့ကြောင့် အခုချိန် ဘယ်သူလာလာ သူ့အတွက် ဆုပ်ကိုင်စရာ ကောက်ရိုးမျှင်အဖြစ် အသုံးချမှာဖြစ်သည်။
သို့သော် မထင်ထားတာက သူ့ဆီရောက်လာတာက အခုလိုပြဿနာတွေဖြစ်အောင် လုပ်တဲ့လူဆိုတာပင်။
"ဘာလည်း ကြင်ယာတော်က ကျွန်တော့်ကို လာလှောင်တာလား"
လူးကပ်စ်က သူ၏အရှေ့မှာ အခုထိမောက်မာနေသော ပီတာကိုကြည့်ရင်း ခေါင်းခါလိုက်မိသည်။
ဘာလို့ ဒီလောက်တောင် ခေါင်းမာနေရတာပါလိမ့်။
အစကတော့ လူးကပ်စ်ထံကို ပီတာ၏ဖခင်ဖြစ်သူထံမှ လာရောက်အကူအညီတောင်းသည့်အတွက် စာနာသည့်အနေနှင့်ရော သူသတိပေးထားသည့်ကြားထဲက အခုလိုဖြစ်အောင် လုပ်သည့်ပီတာကို မေးချင်လို့လာခဲ့တာဖြစ်သည်။
လူအသက်ကို ထိခိုက်စေတာမဟုတ်လို့ အကျဥ်းထောင်ထဲမှ ကြာကြာထည့်ထားလို့ရမှာမဟုတ်ပေမဲ့လည်း ဆုံးဖြတ်ချက် ပြတ်သားသည့် မက်သယူးကြောင့် အကျဥ်းထောင်ထဲမှ လွတ်မြောက်ရင်တောင် ပျက်သုန်းခြင်းက စောင့်ဆိုင်းနေမှာပင်။
ESTÁS LEYENDO
My man is the Final Boss
De TodoMain Godရဲ့ အားထားရာဖြစ်တဲ့ မော့ကျန်းဟာ systemကမ္ဘာရဲ့ ထိပ်တန်းhostတစ်ယောက်ဖြစ်တယ်။ ရက်စက်ပြီး ဘယ်သူကိုမှဂရုမစိုက်တဲ့ မော့ကျန်းတစ်ယောက် တာဝန်တွေထမ်းဆောင်နေရင်း ဖူလင်းဆိုတဲ့ ကောင်လေးကိုချစ်မိသွားခဲ့တယ်။ ဒါပေမဲ့ သူတို့ချစ်မိသွားချိန်မှာပဲ ဇာတ်လိုက််မ...